၂၀၁၉ ဇွန်လ ၁၁ ရက်နေ့ ကိုရီးယားနိုင်ငံဆိုးမြို့မှာကျင်းပပြုလုပ်တဲ့ Asia Model Award ဆုကို မြန်မာလူမျိုးတစ်ဦးအနေနဲ့ ဂုဏ်ယူစရာရရှိခဲ့ပြီး၊ဆုပေးပွဲမှာလည်းကိုရီးယားဘာသာစကားနဲ့ကျွမ်းကျွမ်းကျင်ကျင် ကျေးဇူးတင်စကားကိုပြောကြားခဲ့ကာ၊မော်ဒယ်ပြိုင်ပွဲမှာလည်းဒိုင်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်တဲ့ ဟန်တီကို ယခုတစ်ပတ်အတွက် ကာဗာရိုက်ကူး ဖော်ပြလိုက်ပါတယ်>>>
Asia Model Award ဆုရရှိခဲ့တဲ့အပေါ်ခံစားချက်ကိုပြောပါဦး>>>
- အရမ်းပျော်တယ်။ ဂုဏ် ယူတယ်။ မြန်မာဆိုတဲ့ခေါင်းစဉ် အောက်ကနေ မြန်မာမော်ဒယ်လ် စတားဆိုပြီး တင်စားခေါ်ခံရပြီး အာရှရဲ့ မော်ဒယ်တွေအရှေ့နဲ့မင်း သားမင်းသမီးတွေရှေ့မှာ ပွဲတက် ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါ တယ်။ ဆက်ပြီးကြိုးစားချင်ပါသေး တယ်။
- ဒိုင်အဖြစ်ပါဝင်ဆောင်ရွက် ရမယ့်ခံစားချက်ကိုပြောပြပေးပါ ဦး။
သူတို့ကမ်းလှမ်းလာတဲ့အခါ မှာ အရမ်းအံ့ဩသွားတယ်။ ဟန် တီက ကိုယ်လုပ်နိုင်ပါ့မလားဆိုတာ ကို စဉ်းစားတယ်။ ကိုယ့်မှာ အတွေ့အကြုံရှိပြီး မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲတွေဝင် ဖူးတယ်ဆိုတော့ ဘယ်လိုရွေးချယ် ရမလဲဆိုတာ သူတို့နဲ့ဆွေးနွေးတဲ့ အခါအဆင်ပြေတယ်။ တကယ် အမှတ်များတဲ့သူကို ဆုပေးမှာဖြစ် ပါတယ်။ ဘယ်လိုစည်းမျဉ်းစည်း ကမ်းတွေနဲ့အမှတ်ပေးရမလဲဆိုတာ ကိုလည်း ဟန်တီသဘောပေါက် တဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။
- ဖက်ရှင်နဲ့ပတ်သက်ပြီးပြော ပြပေးပါဦး။
ဒီဇိုင်နာ ကို Shar Tra ဖြစ် ပြီး Stylist က လွင်ခန့်မောင် ပါ။
- ကိုရီးယားသွားရောက်ခဲ့ တာနဲ့ပတ်သက်ပြီး ပြောပြပေးပါ ဦး။
ဒီတစ်ခေါက် ကိုရီးယားသွား တာ ငါးကြိမ်မြောက်ပါ။
- စင်ပေါ်မှာကိုယ်ပြောလိုက် တဲ့စကားတစ်ခွန်းတိုင်း ပရိသတ် တွေရဲ့တုံ့ပြန်မှုအပေါ် ဘယ်လိုခံ စားရလဲ။
အဲဒီလို တုံ့ပြန်မှုမျိုးပြန်ရမယ် လို့ မထင်ထားဘူး။ ကိုယ်ပြောရ မယ့်စကားကို သေသေချာချာပြော မယ်။ စင်ပေါ်မှာ လှလှပပလေးနဲ့ ဆုယူမယ်လို့ပဲ ဓာတ်ပုံရိုက်မယ်လို့ပဲ တွေးထားတယ်။ ကိုယ်ပြောလိုက် တဲ့ စကားတစ်ခွန်းတိုင်းကို သူတို့ က တုံ့ပြန်ပြီးအားပေးတော့ မထင် မှတ်ထားလောက်အောင် ဘာဆက် ပြောလို့ပြောရမှန်းမသိအောင် ပျော်မိတယ်။
- ကိုရီးယားဘာသာစကား ကို ဘယ်လိုလေ့လာခဲ့ရလဲ။
အရင်တုန်းက ကိုရီးယား စကားထက် တရုတ်စကားကို ပို ပြီးလုပ်ဖြစ်တယ်။ ကိုရီးယားသွား ဖို့ဖိတ်စာရောက်လာတဲ့အချိန်မှာ အချိန်လည်းရသေးတာနဲ့ ကိုရီး ယားဘာသာစကားကို သင်ယူဖြစ် ပါတယ်။ အချိန်တိုတိုအတွင်းမှာ ရအောင်သင်တယ်။ အသံထွက် မှားသွားတာနဲ့ အဓိပ္ပာယ်လွဲမှား သွားမှာဖြစ်တဲ့အတွက် သေသေ ချာချာဂရုစိုက်ပြီးသင်တယ်။
- ကိုရီးယားမှာ ပွဲတက်အပြင် တခြားဘာတွေလုပ်ခဲ့သေးလဲ။
ကိုရီးယားမှာ လျှောက်လည် ခဲ့တယ်။ ပြီးတော့ ကိုရီးယားဓာတ် ပုံဝါသနာရှင်အသင်းနဲ့တွေ့ပြီး ဓာတ် ပုံတွေရိုက်ကူးခဲ့တယ်။ ကို ရီးယား -မြန်မာ Toursim ပွဲမှာလည်း ကူညီပေးခဲ့တယ်။
- ကိုယ့်ရဲ့မြန်မာနိုင်ငံထက် တခြားနိုင်ငံက ပိုပြီးအသိအ မှတ်ပြုတဲ့အပေါ် ဘယ်လိုမြင်လဲ။
အဓိကက ဟန်တီကိုယ်တင် မဟုတ်ဘဲ တခြားအနုပညာရှင် တွေကိုလည်း အားပေးစေချင် တယ်။ လူတစ်ဦးတစ်ယောက်ချင်း စီ အားပေးလိုက်တဲ့အရာတွေက သူများနိုင်ငံတွေအထိ ရောက်သွား နိုင်တယ်။ မိဘတွေကတော့ သူတို့ ရဲ့သားသမီးတွေကို ဒီထက်ပိုပြီး အောင်မြင်စေချင်တာ သဘာဝပါ ပဲ။ ဟန်တီကိုယ်တိုင်ကလည်း ဒီ ထက်ပိုပြီးအောင်မြင်အောင် ကြိုးစားချင်တယ်။ ဒီထက်ပိုပြီးလုပ် ပြနိုင်တယ်။ လုပ်နိုင်တယ်ဆိုတာ ကို ချပြချင်တယ်။
- ဟန်တီကိုယ်တိုင်ဖွင့်ထား တဲ့သင်တန်းကျောင်းနဲ့မိတ်ဆက် ပေးပါဦး။
ဟန်တီက နောက်တက်လာ မယ့်မျိုးဆက်သစ်တွေ လူအများ ကြားမှာ အောင်မြင်ချင်တဲ့သူတွေ အနုပညာဝါသနာပါတဲ့သူတွေအ တွက် အဓိကဦးတည်ပြီး ဖွင့်တာပါ။ ငွေရေးကြေးရေးကြောင့် ဖွင့်တာ မဟုတ်ဘဲနဲ့ သူတို့အတွက်ကိုဖြစ် စေချင်တယ်။ ဟန်တီမှာရှိတဲ့ အတွေ့အကြုံတွေ၊ ဟန်တီမလုပ် ဖြစ်ခဲ့တဲ့အရာတွေ သူတို့အတွက် ကိုဖြစ်စေချင်တယ်။ အဓိက ရည် ရွယ်ချက်က သူတို့ကိုမြေတောင် မြှောက်ပေးချင်တယ်။ ဟန်တီအ နေနဲ့ ကိုယ်တတ်သလောက်မှတ် သလောက်လေးကို သင်ပြပေး ချင်တဲ့အတွက် သင်တန်းဖွင့်ဖြစ် တာပါ။
ဒီသင်တန်းကို အသက် အရွယ်မရွေး လက်ခံတယ်။ က လေးတွေဆိုရင် ဆယ်နှစ်ကစပြီး လက်ခံတယ်။ အရွယ်ရောက်ပြီး သား မိန်းကလေးယောကျာ်းတွေ အနေနဲ့ ဒီထက်ပိုပြီး စမတ်ကျချင် တယ်၊ အဝတ်အစားနဲ့ ကိုယ့်ရဲ့ အသွားအလာအနေအထိုင်တွေက အစ လေ့ကျင့်ပေးမှုတွေ လုပ်ပေး ပါတယ်။
- ပရိသတ်အတွက်စကား လက်ဆောင်ပြောပြပေးပါဦး။
ဟန်တီ့ကို အားပေးကြတဲ့သူ တွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဆက်ပြီး အားပေး ကြပါဦး။