Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

နိုဝင်ဘာလ ၃ရက်နေ့မှာ MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမယ့် Dancing With The Stars Myanmar အစီအစဉ်မှာ ပြိုင်ပွဲဝင်အဖြစ်ပါဝင်ယှဉ်ပြိုင်မယ့် သဇင်နွယ်ဝင်းနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေ ကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> Dancing With The Stars Myanmar အစီအစဉ်နဲ့ပတ်သက်ပြီး
Forever Group က ကျင်းပပြုလုပ်တဲ့ Dancing Show ပွဲက Celebrity ဒါမှမဟုတ်ရင် Star တစ်ဦးနဲ့အတူ တစ်ဖက်မှာ ပရော်ဖက်ရှင်နယ်အကသမားတစ်ဦးနဲ့ နှစ်ယောက်အတူတွဲပြီး အပတ်တိုင်း ပြိုင်ပွဲတွေကို ကျော်ဖြတ်ရမှာပါ။ ပေးထားတဲ့ Dance Team တွေကလည်း မတူဘူး။ အစ်မတို့ ပထမ အပတ်မှာ Wise Dance အနေနဲ့ယှဉ်ပြိုင်ရမှာပါ။

ဇာတ်ကားထဲမှာ ရုပ်ဆိုးနေတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးကြောက်နေတယ်ဆိုတဲ့ ပိုင်ဖြိုးသု

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


အောက်တိုဘာလ ၂၄ရက်နေ့က စိတ်ကူးရှိသလောက်အနီးဆုံးထိ ဆွဲယူချဲ့ကြညနိုင်တဲ့ OPPO Reno 2, Reno2 F မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို တက်ရောက်လာတဲ့ OPPO ရဲ့ Brand Ambassador တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက် ပါတယ်။
>>> OPPO ရဲ့ ထုတ်ကုန်အသစ်မိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး
OPPO ရဲ့ Reno2 နဲ့ Reno2 F ရဲ့ မိတ်ဆက်ပွဲအခမ်းအနားပါ။ သုသုကိုင်နေတာက OPPO Reno2 ပါ။ Ocean Blue Color ဖြစ်ပြီး သူ့မှာပါလာတဲ့ Function အသစ်တွေထဲက Ultra Steady Mode ကို အရမ်းကြိုက်တယ်။ ကင်မရာက လေးလုံးဖြစ်သွားပြီ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


အောက်တိုဘာလ ၂၄ရက်နေ့က စိတ်ကူးရှိသလောက်အနီးဆုံးထိ ဆွဲယူချဲ့ကြညနိုင်တဲ့ OPPO Reno 2, Reno2 F မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို တက်ရောက်လာတဲ့ OPPO ရဲ့ Brand Ambassador တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက် ပါတယ်။
>>> OPPO ရဲ့ ထုတ်ကုန်အသစ်မိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး
OPPO Reno2 နဲ့ OPPO Reno2 F ကို မိတ်ဆက်တဲ့အခမ်းအနားပါ။ ကျွန်တော်တို့အနုပညာမောင်နှမ တွေက Brand Ambassador အနေနဲ့ တက်ရောက်ဖြစ်တာပါ။ ကျွန်တော်ခရီးသွားတိုင်းမှာ ဓာတ်ပုံ ဆရာနဲ့မန်နေဂျာက ဓာတ်ပုံရိုက်ပေးပါတယ်။ သူတို့မပါရင် ကျွန်တော်က ဖုန်းကိုပဲအားကိုးရတယ်။ နောက်ပိုင်းဖုန်းတော်တော်များများက ကင်မရာပိုင်းကို ဦးစားပေးလာတာများတယ်။ ပိုပြီးကောင်း အောင်တီထွင်လာကြတော့ OPPO Reno2 မှာ အဲဒီအချက်တွေအများကြီးရှိတဲ့အတွက် ကျွန်တော် အရမ်းကြိုက်ပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

လာမယ့်ဒီဇင်ဘာလ ၃၀ရက်နေ့ မန္တလေးမှာ ကျင်းပမယ့် One Lady Show ရဲ့ Teaser ကို ရိုက်ကူးနေတဲ့ အဆိုတော်ပိုပိုနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> One Lady Show ပွဲနဲ့ပတ်သက်ပြီး
One Lady Show ရဲ့ Teaser ရိုက်ကူးနေတာပါ။ အဓိက လမ်းသွားလမ်းလာတွေ အနှောင့်အယှက် မဖြစ်အောင် ပိုပိုတို့က လမ်းပိတ်ပြီးရိုက်နေတာပါ(ရယ်လျက်)။ သူတို့အနှောင့်အယှက်မဖြစ်အောင် ပိုပိုတို့ မြန်မြန်ရိုက်ကူးခဲ့ပါတယ်။ အုပ်စုလိုက်ရိုက်ကူးရတာဆိုတော့ နည်းနည်းညှိရတာတွေရှိပါတယ်။ အရမ်းမိုက်တဲ့ Teaser ရိုက်ကူးထားပါတယ်။ ထွက်လာရင်ကြည့်ကြပါ။ Show ပွဲရဲ့ အဖွင့်မှာ ဘယ်လို မျိုးပြမလဲနဲ့ Performance တွေ ဘယ်လိုလုပ်မလဲဆိုတာ ပရိသတ်တွေက ပါးစပ်ပြောရုံနဲ့ပဲ သိကြမှာ ပါ။ အဲဒါကြောင့် ဗီဒီယိုရိုက်ထားတာပါ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

နိုဝင်ဘာ ၂ရက်နေ့ မင်္ဂလာမန္တလေး(ကားပါကင်)မှာ ကျင်းပမယ့် Party Mandalay Redvolution Show ပွဲနဲ့ပတ်သက်ပြီး အဆိုတော်နီနီခင်ဇော်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိ သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မန္တလေးမှာကျင်းပမယ့် Redvolution Show ပွဲနဲ့ပတ်သက်ပြီး
ကိုယ့်အသက်အရွယ်နဲ့လုပ်နိုင်တဲ့အချိန်လေးမှာ နီနီ အများကြီးလုပ်ချင်ပါတယ်။ တစ်ကိုယ်တော်ဖျော် ဖြေပွဲဆိုပြီး မြန်မာပြည်မှာသာခေါင်းစဉ်တပ်လို့ရတာပါ။ တစ်ကယ်တမ်း Redvolution Show ပါ။ Redvolution Team ဖြစ်တဲ့အွက် Team နဲ့သွားကြတယ်။ Team နဲ့ပဲတင်ဆက်တယ်။ နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲထက်စာရင် Redvolution Team ရဲ့ ဖျော်ဖြေပွဲပုံစံအောက်မှာ နီနီတို့သွားပါ မယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒါတွေကိုပြန်ကြည့်ပြီး ပီတိဖြစ်ခွင့်ရမယ်။ ကျင်းပမယ့်နေရာ ကို ရွေးထားတာက Outdoor Area ပါ။

s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live