ဒီနေ့ MV ရိုက်ကူးမှုမှာပါဝင်ဖြစ်တာက
ဒီကလေးလေးက မမဆောင်းပေါ့။ VCDတွေက အစ်ကိုတို့ခေတ်တုန်းက အများကြီးရိုက်ခဲ့တာပေါ့နော်။ အခုနောက်ပိုင်း ဒါတွေမရှိတော့ဘူးပေါ့နော်။ မရှိတဲ့အချိန်မှာ မမဆောင်းက အားကျိုးမာန်တက်နဲ့ ကိုအာကာတို့ဆိုလည်း အသည်းအသန်းလိုက်ရှာတာပေါ့နော်။ ပထမတော့ ရိုက်ချင်စိတ်မရှိဘူး။ မရရအောင်ခေါ်ပြီး ရိုက်ဖြစ်သွားတာပေါ့နော်။ ကြိုးစားနေတဲ့ ကလေးလေးဖြစ်တဲ့အတွက် ကိုယ်လည်း တစ်တက်တစ်အားပူးပေါင်းပြီး ပါဝင်ဖြစ်သွားတာပါ။ ကားရိုက်တွေတော့ မဆုံဖူးပေါ့နော်။ ဒါပေမယ့် စတိတ်ရှိုးတွေတော့ သွားခဲ့ဖူးတယ်ပေါ့နော်။
အနုပညာလှုပ်ရှားမှုတွေနဲ့အလှမ်းဝေးနေတာက
ကြားထဲမှာ အသည်းရောင်ရောဂါဖြစ်တယ်ပေါ့နော်။ ဆရာဝန်ကပြောတယ် လှုပ်ရှားလို့သိပ်မရဘူးဆိုပြီးတော့ နားခိုင်းထားတယ်ပေါ့နော်။ ကျန်းမာရေးတော့ကောင်းပါတယ်။ ဒါပေမယ့် တစ်လတစ်ခါတော့ ပြနေရတာပေါ့နော်။
MV ပဲရိုက်တော့မှာလား ဒါမှမဟုတ်ရုပ်ရှင်တွေကော အရင်လိုပြန်ရိုက်ဖြစ်မိလား
လုပ်လာတာလဲ ကြာပြီဆိုတော့ သိပ်ပြီးတော့တော့ စိတ်သိပ်မပါဘူးပေါ့နော်။ တစ်ခါတစ်လေလည်း လုပ်ချင်လဲ လုပ်လိုက်တယ်။ မလုပ်ချင်လည်း မလုပ်ဘူးပေါ့နော်။
မဟေမာနေဝင်းကလည်း ကိုယ့်ကိုအနုပညာအလုပ်တွေ မလုပ်စေချင်ဖူးဘာကြောင့်လို့ထင်လဲ
အဲ့လိုလည်းမဟုတ်ပါဘူး။ ကိုယ်လည်းအဆင်ပြေမယ့်အခြေအနေ၊ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့် အခြေအနေမျိုးဆိုရင် လုပ်ဖြစ်မှာပါ။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာလည်းမရှိ ကိုယ့်အတွက် အံ့ဝင်ခွင်ကျမဖစ်ဘူးဆိုတော့ မလုပ်တာအကောင်းဆုံးပေါ့နော်။ သူများတွေက ရိုက်ချင်ပေမယ့်လည်း ကိုယ့်အခြေအနေပေါ် မူတည်တယ်လေ။
ကိုယ့်ကိုစောင့်မျှော်ပြီးစိုးရိမ်နေကြတဲ့ ပရိသတ်တွေကို ပြောပြချင်တာ
ကောင်းသွားပါပြီ။ အခုခေတ်က ဆေးတွေကအရမ်းကောင်းတာဆိုတော့ ကောင်းပါတယ်။
အနုပညာလောကထဲမှာ ဝေးကွာနေတာကိုယ့်ခေတ်တုန်းကလို မဟုတ်တော့လို့များအား
အဲ့လိုလည်းမဟုတ်ပါဘူး။ ခေတ်တွေကတော့ မတူတော့ဘူးလေ။ အရွယ်နဲ့ဆိုင်တာပေါ့နော်။
ဒီခေတ်ရိုက်ကူးမှုတွေက ဘာတွေကွာခြားသွားပြီလို့ထင်လဲ
စက်ကရိယာတွေလည်း တိုးတက်သွားတာပေါ့နော်။ အရင်တုန်းကထက်စာလို့ရှိရင် အခုခေတ်ကလေးတွေက လုပ်ချင်ကိုင်ချင်စိတ်တွေရှိပြီး ကြိုးစားလာကြတာပေါ့နော်။ ခေတ်က အတွေးအခေါ်အယူ အဆတွေပြောင်းလဲသွားပြီးတော့ ကြိုးစားရမယ်ဆိုတာ နားလည်သွားကြတယ်ပေါ့နော်။ အဲ့ဒါကောင်းပါတယ်။
တက်သစ်စသရုပ်ဆောင်တွေများလာတဲ့အပေါ်
ကောင်းပါတယ်။ သူတို့လုပ်ချင်ကိုင်ချင်စိတ်တွေရှိတာ။ ခေတ်အပေါ်မှာပဲ မူတည်တာပေါ့နော်။ ကောင်းပါတယ် များလေကောင်းလေပဲပေါ့နော်။ များတော့လည်း ပရိသတ်တွေများများရှိတာပေါ့။
အကယ်ဒမီနီးလာပြီဆိုတော့ ဘယ်လိုခံစားရလဲ
အကယ်ဒမီကတော့ သေချာမသိဘူးပေါ့နော်။ ကိုရာဇာတို့ကျတော့ ကားကြီးရိုက်တာ သိပ်မရှိဘူးလေ။ အကယ်ဒမီကိုတော့ တစ်ခါမှ မတွေးဖူးဘူးပေါ့နော်။
ဝါသနာပါလို့သာရိုက်ခဲ့ရတယ် ရင်ခုန်တဲ့ထဲမပါဘူး
ကိုယ့်မိဘကလည်းသရုပ်ဆောင်ဆိုတော့ ဒီလိုပဲ နီးစပ်ရာခေါ်ရိုက်ကြတာပေါ့နော်။ ဝါသနာပါလို့ရယ်တော့မဟုတ်ဘူး။ အခြေအနေအရပေါ့နော်။
ပုံမှန်တွေ့နေကျ အနုပညာမောင်နှမတွေနဲ့တွေ့ဖြစ်လား
အဲ့လိုလည်း သိပ်မတွေ့ဖြစ်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သပ်သပ်နေတယ်။ ကိုယ့်သဘာဝကိုက အဲ့လိုပဲနေတတ်တာပါ။ သပ်သပ်ပဲနေတတ်တာကို ကြိုက်တာပေါ့နော်။ အာရုံနောက်သိပ်မခံဘူးပေါ့နော်။
ရှေ့ဆက်ပြီးဘယ်လိုမျိုးရိုက်ဖို့ရှိအုန်းမလဲ
လောလောဆယ်တော့ ဘာအစီအစဉ်မှမရှိသေးပါဘူး။ အားပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။