ရွှေမိုက်ခဲ မသိဘူးဆိုမယ် သီချင်းဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီး
ဒီအစီအစဉ်လေးကလဲကောင်းတယ်လေ။ ပြီးတော့ အနယ်နယ်အရပ်ရပ်က သူတွေလဲ Online ကနေပြိုင်လို့ရတယ်လေ။ သိပ်ပြီးတော့ မပင်ပန်းတော့ဘူးပေါ့နော်။ လူငယ်တွေထဲမှာ ရွက်ပုန်းသီးဘယ်သူတွေရှိမလဲဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ်လိုသူလိုလူများရှိမလားဆိုတဲ့ စိတ်မျိုးနဲ့ ပါဝင်ဖြစ်တာပါ။
ပထမဦးဆုံးဆိုတော့ ရင်တော့ခုန်တာပေါ့နော်။ အဓိကက သူများကို Comment ပေးရတဲ့အပေါ်မှာ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ မထိခိုက်စေချင်ဘူးပေါ့နော်။ မကောင်းတာကိုတော့ မကောင်းတာပြောရမှာပေါ့နော်။ ကောင်းတာဆိုရင်တော့ ကောင်းတာပြောရမယ်။ အဲ့အပေါ်မှာမှ ကျွန်တော်အားနာမိတယ်ပေါ့နော်။ ကျွန်တော်ကလည်း အားနာတတ်တဲ့သူတွေထဲမှာပါတယ်ဆိုတော့ အဲ့တစ်ချက်ပဲ ကျွန်တော်ကိုယ့်ကိုယ်ကို နဲနဲလေးစိုးရိမ်တာပေါ့နော်။ ကျန်တဲ့အချက်ကတော့ ကျွန်တော် ပျော်ပါတယ်။
ဘာပဲပြောပြော အဲ့ထဲကလဲ အဆိုတော်ဖြစ်သွားနိုင်တယ်ဆိုတော့ စိတ်တော့လှုပ်ရှားပါတယ်။ ပြောတေ့ပြောရမှာပဲပေါ့နော်။ မကောင်းတာကြီးကိုတော့ ကောင်းတယ်လို့ ပြောလို့မရဘူးပေါ့နော်။ ဒါပြိုင်ပွဲဖြစ်နေတဲ့အတွက်ပေါ့နော်။ အဓိကက ပြိုင်ပွဲဆိုတော့ တကယ်တော်တဲ့သူကို ကျွန်တော်တို့ရွေးချင်တာပေါ့နော်။ ကျွန်တော်က ဒိုင်လုပ်တဲ့ Service က အခုမှ ပထမဦးဆုံးပေါ့နော်။ အဓိကကတော့ ကျွန်တော်အနုပညာကိုပဲ ကြည့်ချင်တယ်ပေါ့နော်။ အခုကျွန်တော်ကြည့်ရသလောက်ကတော့ အရမ်းကိုပွင့်လင်းတယ်ပေါ့နော်။ Voting ပေးတဲ့ပိုက်ဆံအကုန်လုံးလုံးကို ဆုရတဲ့သူကို ပေးမှာဆိုတော့ ဒီအစီအစဉ်က အရမ်းကကိုပွင့်လင်းပါတယ်။ ဒိုင်တွေဆိုလို့ရှိရင်လည်း ဆရာမြင့်မိုးအောင်တို့ မရေဗက္ကာတို့ ဦးမောင်တို့ Jewel တို့ပါတယ်ပေါ့နော်။ ဒိုင်က ၇၀ ရာခိုင်နှုန်းဆိုတော့ ဒီလူက ဘာပဲပြောပြော တက်လမ်းရှိတယ်လို့မြင်ပါတယ်။
Silent သီချင်းရေးစပ်ခဲ့ပုံနဲ့ ပတ်သက်ပြီး
အဓိကကတော့ ကျွန်တော်က နာကျင်နေတဲ့အရာကို ပြောမထွက်ဘူးဆိုတဲ့ ပုံစံမျိုးကိုရေးထားတာပေါ့နော်။ အဓိကကတော့ Ar-t ပေါ့နော်။ သူဘယ်လိုရိုက်တယ်ဆိုတာကို ကျွန်တော့်ကို မပြောဘူး။ Surprise လုပ်တယ်ပေါ့နော်။ Ar-t ကအရမ်းကိုIdea ကောင်းပါတယ်။ ကျွန်တော်တောင်မှ ကြည့်ရတာ အရမ်းအံ့သြသွား တယ်ပေါ့နော်။ Ar-t က အဆိုတော်တဲ့အထဲမှာပါတယ်ပေါ့နော်။ သီချင်းကို သူဆိုလိုက်ရင် ရာခိုင်နှုန်းမြင့်တဲ့အထဲမှာ ပါသွားတယ်ပေါ့နော်။ တကယ်ကို အသံပါရမီရှင်ထဲမှာပါတယ်။ အဲ့တစ်ခုအပြင်ကို သူ့မှာ ကြိုးစားအားထုတ်မှုလဲရှိတယ်ပေါ့နော်။ Ar-t က အနုပညာကို တန်ဖိုးထားတယ်ပေါ့နော်။ သီချင်းကိုလဲ လက်ထဲမှာ အကြာကြီးမထားတတ်ဘူးပေါ့နော်။ ပရိသတ်ကို ချက်ချင်းချပြချင်တာ။
လတ်တလော အနုပညာလှုပ်ရှားမှု
သီချင်းတွေကတော့ အပ်ထားတဲ့ သီချင်းတွေရေညးသွားမယ်ပေါ့နော်။ အဓိကကတော့ လူတိုင်းမတွေမိတဲ့ရှုထောင့်ကနေပြီးတော့ သေချာစဉ်းစားပြီးရေးသွားမှာပေါ့နော်။ ကျွန်တော်လဲ ခက်ခက်ခဲခဲကို ဒီအနုပညာလောကထဲကိုဝင်လာခဲ့ရတယ်။ အဲ့လိုမျိုးပဲ နယ်တွေမှာလဲရှိမယ် ရန်ကုန်မှာလဲုရှိတဲ့ အနုပညာရှင်တွေကို ကျွန်တော်ကတော့ လမ်းမှာတွေ့ရင်လဲ ကူညီပေးချင်တယ်ပေါ့နော်။ အခုလဲ အခွင့်အရေးတစ်ခုရသလိုမျိုးပေါ့နော်။ ဒီရွှေမိုက်ခဲအစီအစဉ်မှာ ကူညီပေးခွင့်ရတယ်ဆိုတော့ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ ဝင်ပြိုင်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ကူညီချင် ပါတယ်လို့ပြောချင်ပါတယ်။
ပရိသတ်အတွက် စကားလက်ဆောင်
အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။