MAC Cosmetic ဖွင့်ပွဲတက်ရောက်ဖြစ်ပုံ
Medi Myanmar က နိုင်ငံခြားကကောင်တာတွေ ဖွင့်တိုင်းကျွန်တော်လာပြီးအားပေးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို Worldwide Brand အမြဲသယ်လာပေးတဲ့ Medi Myanmar မစုဇင်နှင့် အဲ့ရစ်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အလွှာတစ်ခု Needs ဖြစ်နေတဲ့အရာတွေကို သယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပိုင်ဖြိုးသုတို့အတွဲကိုအားကျဖြစ်တာက
ချစ်ဖို့ကောင်းတယ်လေ။ ရုပ်ရှင်အတူတူတွဲရိုက်ရင်လည်း သူတို့နှစ်ယောက်ရဲ့ Relationship ကိုလည်း တွေ့ရတယ်လေ။ သူတို့နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတယ်ပေါ့နော်။
ဖြူူဖြူကျော်သိန်းနဲ့ Photo တွဲရိုက်ဖြစ်တာက
အဲ့ဒါက စိတ်ထဲက ကာရိုက်တာကို မချိုက သဘောကျပြီးတော့ ကျွန်တော်တို့ကို မဖြူနဲ့ Sweet Style လေးရိုက်ချင်တယ်ဆိုပြီးတော့ ရိုက်ဖြစ်တဲ့အခါမှာ ဒီဇိုင်ကိုသျှရကလည်းလုပ်ပေးတယ်။ အောင်ဇော်ဦးကလဲ ရိုက်ပေးတယ်ပေါ့နော်။ လင်းလင်းကလဲ မိတ်ကပ်ပြင်ပေးတယ်။ ညီညီလှဖော်ရဲ့နောက်ဆုံးထွက်လာတဲ့ Result ကတော့ အမိုက်ဆုံးပေါ့နော်။
(တင်ဇာမော်နဲ့ ဓာတ်ပုံထွက်လာတဲ့အပေါ်)
အဲ့ဒါက ကျွန်တော်က မတင်ဇာမော်ရဲ့ MTV ရိုက်တာပေါ့နော်။ အဲ့ဟာက တော်တော်ကြာပြီ။ စစတင်လိုက်တဲ့ အချိန်တုန်းကလည်းပြန့်တာပဲ။ အခုလဲပြန့်တာပဲပေါ့နော်။
(ရိုက်ကူးရေးအမှတ်တရတွေက)
ကျွန်တော်ရယ် ယမုံရယ် မတင်ဇာမော်ရယ် 7 Ablum ထဲက သီချင်းလေးတစ်ပုဒ်ကို ရိုက်တာပေါ့နော်။ မထင်ခဲ့ဘူး ဆိုတဲ့သီချင်းလေးပါ။
အချစ်ရေးနဲ့ပတ်သသက်ပြီး
မရှိသေးဘူးပေါ့နော်။ ငယ်သူမို့မသိပါဘူး(ရယ်လျက်)။
အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး
ကျွန်တော်တို့ ၃ လပိုင်း ၆ရက်နေ့မှာ ကိုဏကြီးနဲ့ ရိုက်ကူးရေးလုပ်နေမှာဆိုတော့ ပြန်လာဖြစ်လား ပြန်မလာဖြစ်ဘူးလား မသိသေးဘူးပေါ့နော်။ နှစ်တစ်ရာပြည့်ပွဲဆိုတော့ အားလုံးပြန်လာဖြစ်မယ်ထင်ပါတယ်။
ပရိသတ်အတွက် စကားလက်ဆောင်
ခုနစ်ရက်သားသမီး အေးချမ်းပါစေ။ အားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။