တေးသံရှင် အာဇာနည်နဲ့ ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း ၁၅နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခဲ့ရာ မှာတော့ ““ကိုဇာနည်နဲ့မဝမ်းတို့ ၁၅နှစ်ပြည့် ခရစ်စတယ်သက်တမ်း ကနေ နောင်နှစ်ပေါင်းများစွာအထိ တည်မြဲပါစေလို့ ဆုတောင်းပေး ပါတယ်။
ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေနဲ့ တည်ဆောက် ထားတဲ့အိမ်ထောင်ရေးလေး လည်း ဖြစ်ပါစေ။ ၁၅နှစ်ပြည့်တဲ့ အထိ လက်တွဲနိုင်ခဲ့တဲ့ အတွက်လည်း သူတို့ အတွက် Bravo လို့ ပြောချင်တယ် ””လို့ ဆုတောင်းစကား ပြောကြားခဲ့ပါ တယ်။ ကိုယ်တိုင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး““နီးပြီဆိုရင်တော့ ပရိသတ်တွေကို ပြောပါ့မယ်။ အခု လောလောဆယ်တော့ သူများတွေ ကို အားကျနေတဲ့ အနေအထားပဲ ရှိသေးတယ်။ ကိုဇာနည်နဲ့ ဝမ်းတို့ ဆိုရင် အချစ်နဲ့တည်ဆောက်ထား တဲ့ အိမ်ထောင်ရေးမှန်းအရမ်းကို သိသာတယ်။ အချစ်နဲ့ပဲ အရာအား လုံးကို ကျော်ဖြတ်လာခဲ့တာဆို တော့ အဲ့ဒါတွေကိုအရမ်းအားကျ တယ်။ ကိုယ်တိုင်ကလည်းအသည်း နုပြီး အချစ်ရူးမို့လို့လားမသိဘူး၊ အချစ်ကို မြင်ရတဲ့စုံတွဲတွေကို သိပ်သဘောကျတယ်၊အားပေး တယ်””လို့ ဖွင့်ဟခဲ့ပါတယ်။ အချစ်သီချင်းတွေ သီဆိုတဲ့ အချိန် မှာတော့““ဖြူဖြူက သီချင်းမရေး တတ်ပေမဲ့ ဘယ်လိုဆိုချင်တယ်၊ ဘယ်လိုစာသားတွေပါချင်တယ် ဆိုတာကို ဇာတ်လမ်းပြောပြတတ် တယ်။ ကိုယ်မသိတဲ့ခံစားချက်နဲ့ သီချင်းမျိုးဆို ဘယ်လိုမှခံစားပြီး ဆိုလို့မရဘူး။ ဘယ်လောက်ပိုက် ဆံပေးပေး၊ခြိမ်းခြောက်ရင်တောင် ဖြူဖြူမဆိုဘူး။ ကိုယ်တကယ်ဆို ချင်ပြီး ခံစားလို့ရတဲ့သီချင်းမှဆို တယ်””လို့ပြောပြခဲ့ပါတယ်။ စိတ်ကူးထဲကချစ်သူကောင်လေး ကို မေးမြန်းကြည့်ရာမှာတော့““အဲ ဒါမျိုးမရှိဘူး၊ စိတ်ကူးနဲ့လည်း မထားဘူး။ ကိုယ့်စိတ်ထဲမှာ အနုပ ညာသမားဖြစ်မှ၊သာမန်လူမျိုးဖြစ်မှ ၊ပိုက်ဆံရှိမှတွေ ဆိုတာမျိုးမရှ်ိဘူး။ အခုထိအချစ်ကို ယုံကြည်သေး တယ်၊ အချစ်ဟာအရေးအကြီး ဆုံးလို့ ထင်တယ်။ ဒါပေမဲ့ ချစ် တယ်ဆိုပြီးတော့ ဦးဏှောက်မပါ ပဲ ပေါက်ပန်းစျေးတွေ လျှောက် လုပ်လို့တော့ မရဘူး။ ကိုယ်ရော သူရော ရှေ့အနာဂတ်ဒုက္ခရောက် မဲ့ ဆုံးဖြတ်ချက်မျိုးတွေ မချရဘူး ပေါ့။ အထိန်းအကွပ်တွေ စဉ်းစား သင့်တယ်လို့ထင်တယ်””လို့ပြောပြ ခဲ့ပါတယ်။ လတ်တလောအနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းကြည့် ရာမှာတော့““အခုထွက်ထားတဲ့Strong Album လေးရဲ့Mini Concert လေးကို ရန်ကုန်မှာလုပ် ခဲ့သလိုမျိုး နိုဝင်ဘာလေးရက်နေ့ မန္တလေး Amazing Mallမှာ Mini Concert အလေးလုပ်ဖို့ရှိတ ယ်။ မန္တလေးက ပရိသတ်တွေ လည်း လာအားပေးဖို့ ဖိတ်ခေါ်ချင် ပါတယ်””လို့ပြောပြခဲ့ပါတယ်။