တစ်ခုလပ်ဇာတ်ကား Press Show ပွဲကို တက်ရောက်အားပေး ခဲ့တဲ့ ခရစ္စတီးနားနှင့်တွေ့ဆုံခဲ့ရာ မှာတော့ အဆိုပါပွဲကို တက်ရောက် ဖြစ်ပုံနဲ့ ပတ်သက်ပြီး““ဒီပွဲလေးကို ပရိုဂျူဆာ မဆိုဖီရယ်၊မဇာလေးရယ် က ဖိတ်လို့တက်ဖြစ်ခဲ့တာပါ။
နောက်တစ်ခုက ဒီဇာတ်ကားရိုက် နေတဲ့ အချိန်တစ်ခုလပ်ဆိုတဲ့ နာ မည်ကို ကြားပြီး ကတည်းက အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်ကား ပါ။ နောက်ပိုင်းမှာ အိမ်ထောင်ကွဲ တာတွေလည်း များတော့ ခေတ် နဲ့လည်း လျော်ညီတဲ့ ကားလေး ဖြစ်မယ်ထင်လို့ လာကြည့်ဖြစ်တာ ပါ””လို့ပြောပြခဲ့ပါတယ်။
လက်တွေ့ ဘဝမှာ တစ်ခုလပ်အနေနဲ့ ဖြတ် သန်းနေကြတဲ့သူတွေကို ပြောချင် တာကတော့““ဒီလိုမျိုးခေတ်ကြီးမှာ အိမ်ထောင်ကွဲတာတွေ၊ စိတ်သဘောထားမသက်ဆိုင်တာ တွေက အများကြီး ဖြစ်တတ်ကြ တယ်ဆိုတော့ ခေတ်နဲ့လျော်ညီတဲ့ ဒီလိုဇာတ်ကားမျိုးတွေကို ကြည့်သင့်တယ်””လို့ပြောပြခဲ့ပါ တယ်။ အနုပညာခြေလှမ်းတွေကျဲ နေတာနဲ့ ပတ်သက်ပြီး““ပရိသတ် နဲ့ အဆက်မပြတ်အောင်တော့ ခရစ်္စ ကနေပါတယ်။ လက်ရှိလည်း အနုပညာကို ဆက်တိုက်လုပ်ဖြစ် နေပြီဆိုတော့ အခုလိုမျိုးဖိတ်သမျှ ပွဲတွေလည်း တက်ဖြစ်တယ်။ အနုပညာကို အစကတည်းက ၀ါသနာပါပြီး ရုပ်ရှင်ကားကြီးတွေ ကိုလည်း လာကြည့်တယ်။ ပြည် က ပရိသတ်တွေကို သီချင်းနဲ့ ဖျော်ဖြေ ဖို့ ရှိတယ်။ ရိုက်ကူးရေးတွေ လုပ် ဖို့လည်း ရှိပါတယ်””လို့ပြောပြခဲ့ပါ တယ်။
အားပေးနေတဲ့ ပရိသတ်တွေ ကိုတော့““အမှန်အ တိုင်းပြောရရင် ခရစဩ်္စက ကိုယ့် အနုပညာကိုယ် အားမရသေးပါဘူး။အားမရသေးတဲ့ အတွက် ပရိသတ် အပေါ် တာဝန်မကျေသေးဘူးလို့ သတ်မှတ်ထားတယ်။ ပရိသတ်အ တွက် အလုပ်တွေ အများကြီး လုပ်ပြချင်ပါသေးတယ်””လို့ပြောပြခဲ့ပါတယ်။