မုန်းစွဲ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အသက် ၇ နှစ်အရွယ် အမြွှာညီအစ်ကို နှစ်ယောက် ဖြစ်တဲ့ ဇွဲထက် နှင့် ဇွဲထူး ညီအစ်ကို နှစ်ယောက်ကို မေးမြန်းခဲ့ရာမှာ သားတို့နှစ်ယောက်က အပြင်မှာ နဲ့ ပြောင်းပြန် ဇာတ်ကားထဲမှာ က အငယ်က အကြီးလုပ်ရပါတယ်။
ဒေါသထွက်ရမယ့်အခန်းမှာ တကယ်ဒေါသထွက်ရမယ်ဆိုပြီး ဦးနေတိုးက ပြောလို့ သပိတ်ကို လွှင့်ပစ်လိုက်တဲ့ အချိန်မှာ တကယ် ဒေါသထွက်သွားတာပါ။ အဲဒီကား ရိုက်တုန်းက သားတို့က ၆နှစ်ပဲရှိသေးတယ်။ အခုတော့ အသက်ရနှစ် ရောက်သွားပြီ။ အဲဒီတုန်းက ကလေးပဲ ရှိသေးတယ်၊ အခုတော့ လူကြီးဖြစ်လာပြီ ။ ငိုရမယ့် အခန်းမှာလည်း တကယ် မျက်ရည်နဲ့ ငိုရမယ်ဆိုလို့ တကယ်ငိုလိုက်ပါတယ်။
ဦးကျော်ကျော်ဗိုလ်က ဓါးနဲ့လုပ်ခုတ်တဲ့အခန်းမှာ တကယ်မိရင် ခုတ်မယ်လို့ ဦးဦးဒါရို်က်တာက ပြောလို့ သားတို့ ညီအစ်ကို တွေ ထွက်ပြေးလိုက်တာ ရွာအပြင် ဝက်တွေ ရှိတဲ့နေရာအထိ ရောက်သွားရော။ သားတို့က ဦးမင်းသွေးကို အရမ်းချစ်တယ်။ ဦးမင်းသွေးရော၊ ဦးနေတိုးကိုရော အကယ်ဒမီ ရစေချင်ပါတယ် " လို့ ညီအစ်ကို နှစ်ယောက်က ပြောပြခဲ့ပါတယ်။
Sunday Media