နိုဝင်ဘာ ၁၄ရက်နေ့က Golden Hour Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာသီဟစိုးရိုက်ကူး ကာ ကျော်ကျော်ဗိုလ်၊အောင်ရဲထိုက်၊ပိုင်ဖြိုးသု၊Mary တို့ပါဝင်သရုပ်ဆောင်မယ့် အဟောင်းရုပ်ရှင် ဇာတ်ကားကန်တော့ပေးပွဲကို ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်မယ့် မယ်ရီနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ် တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> အဟောင်းရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး
ဒီဇာတ်ကားက မယ်ရီရဲ့ ပထမဦးဆုံးဇာတ်ကားပါ။ ပရိသတ်တွေမထင်မှတ်ထားတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။ အပြင်ကာရိုက်တာအနေနဲ့ကတော့ သီချင်းဆိုတာပေါ့။ အခု ဇာတ်ကားထဲမှာ သရုပ် ဆောင်ရမှာဆိုတော့ ကွာဟချက်အများကြီးရှိပါတယ်။
အရင်းတုန်းကလည်း ကမ်းလှမ်းတာတွေရှိပါ တယ်။ ဒါပေမဲ့ မယ်ရီအဆင့်မဖြစ်သေးဘူး။ အခုချိန်မှာလည်း ရယ်ဒီမဖြစ်သေးပေမယ့် ကိုယ့်ကိုယ် ကိုယ် Challenge လုပ်ချင်ပြီးတော့ သူတို့ကလည်း ကြော်ငြာတစ်ခုမှာ မယ်ရီသရုပ်ဆောင်တာ သဘောကျပြီးကမ်းလှမ်းလာတာနဲ့ လက်ခံဖြစ်သွားတာပါ။ ပထမဦးဆုံးသရုပ်ဆောင်ရမယ့်ဇာတ်ကား ဖြစ်တဲ့အတွက် မယ်ရီအများကြီးကြိုးစားရမှာပါ။ အတူတွဲပြီးသရုပ်ဆောင်ရမယ့်အနုပညာရှင်တွေဆီ ကနေ သင်ယူသွားမှာပါ။
>>> ပိုင်ဖြိုးသုနဲ့အတူတွဲပြီးသရုပ်ဆောင်ရမယ့်ခံစားချက်ကိုတော့
အခုထွက်ထားတဲ့ မသုရဲ့ ရုပ်ရှင်ဇာတ်ကားကို သွားကြည့်ဖြစ်တယ်။ မသုသရုပ်ဆောင်တာ အိုဗာအိုက် တင်မဖြစ်ဘူး။ သဘာဝန်ဆန်ဆန်သရုပ်ဆောင်တာကို သဘောကျတယ်။ မင်းသမီးတစ်ယောက်ဆို တာထက် သူ့ရဲ့ဇာတ်ကောင်စရိုက်ကိုကြည့်နေရတဲ့အတိုင်း သရုပ်ဆောင်နိုင်တယ်။
>>> ပထမဦးဆုံးသရုပ်ဆောင်ရမယ့်ခံစားချက်ကိုတော့
တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့အတွက် မယ်ရီ စိတ်ပူပါတယ်။ နောက်တစ်ခုက စကားပြောတဲ့အပိုင်းပါ။ မယ်ရီကစကားပြောရင် ပျင်းရိပျင်းတွဲနဲ့လေးလေးပင်ပင်ပြောတယ်။ ပထမဦးဆုံးမယ်ရီကိုစတွေ့ဖူးတဲ့ သူတွေရှိကောင်းရှိနိုင်ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုစကားပြောနေတာလဲ။ ပျင်းနေတာလား၊ မူးနေ တာလား၊ စွဲဆောင်မှုမရှိဘူးဆိုတာမျိုးတွေ ပြောကြမှာ စိတ်ပူနေတယ်။ ကာရိုက်တာနဲ့အဆင်ပြေ အောင် သွက်သွက်လက်လက်သရုပ်ဆောင်သွားဖို့ မယ်ရီကြိုးစားနေပါတယ်။
ကာရိုက်တာကတော့ အိုဗာအိုက်တင်တွေမဖြစ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တခြားမင်းသမီးရဲ့ပုံစံမျိုးဖြစ်သွားမှာ စိုးရိမ် တယ်။ မယ်ရီရဲ့ကာရိုက်တာအတိုင်းပဲသရုပ်ဆောင်ချင်ပါတယ်။ အဓိက ကြောက်စိတ်နဲ့စိုးရိမ်စိတ်တွေ ကို ဖယ်ရှားဖို့ မယ်ရီကြိုးစားနေပါတယ်။ ဝေဖန်မှုတွေကတော့ရှိမှာပဲ။ မယ်ရီရဲ့Fan တွေက လိုအပ် ချက်တွေကို ထောက်ပြလာရင် လက်ခံရမှာပါ။ တခြားတိုက်ခိုက်လာတာတွေက မယ်ရီရဲ့သီချင်းစပြီး ထွက်လာတဲ့အချိန်ကတည်းက ခံခဲ့ရဖူးပြီးပါပြီ။ ရုပ်ရှင်ဇာတ်ကားက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို တော့ လူပေါင်းစုံဖြစ်လာပြီ။ အဲဒီအပိုင်းတွေနဲ့ပတ်သက်ပြီး မယ်ရီကြိုတင်ပြင်ဆင်ထားပါတယ်။ ဘယ်အရာမဆို မယ်ရီကြိုးစားကြည့်ချင်ပါတယ်။
>>> လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး
ဂီတလှုပ်ရှားမှုအနေနဲ့ ဒီလထဲမှာ ကိုအားတီနဲ့ သီချင်းတစ်ပုဒ်ထွက်ဖို့ရှိပါတယ်။ ပြီးရင် Single Song နှစ်ပုဒ်ထွက်ဖို့ရှိတယ်။ အချစ်သီချင်းလေးပုဒ်ရှိတယ်။ အရင်က အသည်းကွဲသီချင်းတွေပဲ မယ်ရီဆိုခဲ့ တယ်။ အခု ချစ်သူများနေ့မတိုင်ခင် အချစ်သီချင်းတွေ ထွက်သွားမှာပါ။
>>> ပရိသတ်အတွက်စကားလက်ဆောင်ကိုတော့
သီချင်းဆိုတဲ့အပိုင်းမှာလည်း မယ်ရီသေချာလုပ်သွားပါမယ်။ အခု သရုပ်ဆောင်မှာဖြစ်ပေမယ့် သီချင်း အပိုင်းမှာ ကြိုးစားပြီးလုပ်သွားချင်တယ်။ ဘယ်တော့မှ ဂီတကို စွန့်လွှတ်သွားမှာမဟုတ်ပါဘူး။ အဓိက အဆိုတော်အဖြစ်နဲ့ပဲ မယ်ရီရပ်တည်မှာပါ။ သရုပ်ဆောင်ပိုင်းမှာလည်းအကောင်းဆုံးကြိုးစားသွားမှာပါ။ သရုပ်ဆောင်တယ်ဆိုပြီး ဂီတပိုင်းကို ပေါ့ပေါ့ဆဆမလုပ်ပါဘူး။ နှစ်ဘက်လုံးကို အကောင်းဆုံးလုပ် သွားပါမယ်။ မယ်ရီရဲ့စီနီယာတွေမှာလည်း အဆိုတော်၊သရုပ်ဆောင်တွေအများကြီးရှိပါတယ်။ နှစ် ဘက်လုံးမှာ ထူးချွန်အောင်မြင်တဲ့သူတွေရှိပါတယ်။ သူတို့လိုမျိုးဖြစ်အောင် မယ်ရီကြိုးစားသွားမှာဖြစ် တဲ့အတွက် အားပေးကြပါ။