နိုဝင်ဘာလ ၁၂ရက်နေ့က အဆိုတော်ဝိုင်းစုခိုင်သိန်းရဲ့ ခုနစ်ခွေမြောက်ဖြစ်တဲ့ နွားကျောင်းသူအယ်လ် ဘမ်သစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို Radio Bar မှာ ကျင်းပခဲ့ပြီး Album Promotion ပွဲကိုတော့ The Central Boulevard မှာ ၁၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအယ်လ်ဘမ်သစ်နဲ့ပတ် သက်ပြီး အဆိုတော်ဝိုင်းစုခိုင်သိန်းနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအ တွက် ဖော်ပြပေးလိုက်ပါတယ်။
>>> နွားကျောင်းသူအယ်လ်ဘမ်နဲ့ပတ်သက်ပြီး
မယ်သီတာအခွေပြီးတော့ ကြားထဲမှာ Birthday Show အခွေရှိခဲ့တယ်။ Single အခွေအနေနဲ့ဆိုရင် ပရိသတ်တွေနဲ့ နည်းနည်းဟသွားတဲ့အတွက် နွားကျောင်းသူအခွေက ပရိသတ်တွေလည်းအားခဲထား တဲ့အခွေပါ။ ဝိုင်းစုလည်းဒီအခွေမှာအရမ်းကြိုးစားထားတယ်။ ဂီတပုံစံတွေလည်းပြောင်းထားတဲ့အ တွက် နည်းနည်းတော့စိတ်ပူတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ပရိသတ်တွေ ဘာကြိုက်လဲဆိုတာကိုတွေးပြီးထုတ် ထားတာဆိုတော့ ကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဝိုင်စုကြိုးစားထားတာတွေကို အသိအမှတ်ပြု စေချင်ပါတယ်။
>>> အခွေ Title ကို နွားကျောင်းသူလို့ပေးဖြစ်တာနဲ့ပတ်သက်ပြီး
နွားကျောင်းသူသီချင်းကို ကိုအောင်လရေးပေးထားတာပါ။ သီချင်းတစ်ခွေလုံးကို ပြန်ကြည့်လိုက် တော့ တခြားသီချင်းတွေကိုလည်း ပေးလို့ရပေမယ့် ဝိုင်းစုက ပုံမှန်နာမည်ပေးရင် ဆန်းဆန်းလေးတွေ ပဲ ပေးနေကျပါ။ အားလုံးက နွားကျောင်းသားလို့ပဲသိထားကြတာ။ နွားကျောင်းသူဆိုရင် ဘာလဲဆိုပြီး ဖြစ်သွားကြမယ်ဆိုတဲ့စိတ်ကူးလေးစဉ်းစားမိသွားတာနဲ့ အခွေTitle ပေးဖြစ်သွားတာပါ။ သီချင်းအားလုံး ၁၂ပုဒ်ပါတယ်။ တေးရေးဆရာတွေက ကိုရွှေ၊ ကိုဖိုးကာ၊ ကိုအောင်လ၊ ဝေယံမင်းသူ၊ ကိုဝေကြီး၊ အောင်ကောင်းခန့်နဲ့ဦးစိန်နီတင်တို့ပါ။ ဦးစိန်နီတင်ရဲ့သီချင်းက ကိုအောင်လရဲ့အမေသီချင်းပါ။ အဲဒီ တစ်ပုဒ်ကတော့ ကော်ပီပေါ့။ အမှတ်တရလေးဖြစ်သွားအောင်ထည့်လိုက်တာပါ။
အန်တီရဲ့ တရေးနိုး လောကစီးရီးခေါင်းစဉ်သီချင်းကို ယူပြီးဆိုထားတာပါ။ ဒီအခွေကို စပြီးဖွင့်လိုက်တာနဲ့ အရင်ကနဲ့မတူတဲ့ ခံစားချက်ကို ရလိမ့်မယ်လို့ ထင်တယ်။ အမှန်က နွားကျောင်းသူသီချင်းစာသားတွေကို ကိုအောင်လ ရေးတာပါ။ ဝိုင်းစုက သီချင်းရဲ့အကြောင်းအရာကိုပဲ ပြောပြတတ်တယ်။ တကယ်တမ်းစာသားထည့်ပြီး တော့ ခေါင်းစဉ်ပေးတာက သူလုပ်တာပါ(ရယ်လျက်)။ EX အကြောင်းကိုထည့်ရေးထားတာမဟုတ်ပါ ဘူး။ တေးရေးဆရာတစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်းမတူဘူး။ ဥပမာ ကိုဖိုးကာကိုအပ်တယ် ဆိုရင် ဝိုင်းစုက ဇာတ်လမ်းကိုနှစ်မျိုး၊သုံးမျိုး ပြောလေ့ရှိတယ်။ သူက ဂစ်တာတီးလိုက်တာနဲ့ ဝိုင်းစုက ဇာတ်လမ်းရသွားပြီ။
နောက်ပိုင်း သူသီချင်းရေးနေရင်း အနားကိုမလာနဲ့တော့တဲ့(ရယ်လျက်)။ တေး ရေးတစ်ယောက်ရဲ့ခံစားချက်ကိုသွားပြီးဖျက်ဆီးလို့မရဘူး။ ကိုယ်ထည့်ချင်တဲ့စာသားက ရင်ဘတ်ထဲ ကိုတန်းပြီးထိချင်မှထိမယ်။ ထိသွားတဲ့စာသားရှိသလို မထိတဲ့စာသားတွေလည်းရှိမယ်။ ဝိုင်းစုက နည်း နည်းမာပြီး မိန်းမပုံစံ နုနုရွရွလေးတွေမထွက်ဘူး။ တေးရေးဆရာတွေလို နုနုရွရွလေးတွေရေးတတ်ချင် တယ်။ ထိထိရောက်ရောက်ဖြစ်မယ့်စာသားမျိုးကို မရေးတတ်ဘူး။ ဝိုင်းစုကအမျိုးသမီးဆိုတော့ အမျိုး သမီးထုဘက်ကနေ ဝင်ခံစားပြီးတော့ ရေးတာပေါ့။
>>> ပရိသတ်အတွက်စကားလက်ဆောင်ကိုတော့
နိုဝင်ဘာလ ၁၈ရက်နေ့ တောင်ကြီးမြို့ Ocean မှာ ညနေ ၅နာရီကနေ ၇နာရီအထိ လက်မှတ်ထိုးပြီး ဖျော်ဖြေပါမယ်။ ၂၃ရက်နေ့မှာ မန္တလေးမြို့၆၂ ပေါ်က အခုအသစ်ဖွင့်တဲ့ The Central Point မှာ ညနေ ၅နာရီကနေ ၇နာရီအထိပါ။ ပရိသတ်တွေနဲ့တွေ့ချင်ပါတယ်။ အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။