Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

Previous Next

User Rating: 2 / 5

Star ActiveStar ActiveStar InactiveStar InactiveStar Inactive

အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်ညွှန်းဆဲဗင်းဒေး၊ ဇာတ်လမ်းနှင့်ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)ရဲ့ကျေးလက်ဒေသရဲ့ဓလေ့စရိုက်တွေနဲ့ ၅၂၈မေတ္တာကို ရိုက်ကူးပုံဖော်ထားတဲ့ ချိုးရုပ်ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို အောက်တိုဘာလ ၁၅ရက်နေ့မှာ သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပြီး အောက်တိုဘာလ ၁၇ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် တည်းရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။

အဖေဖြစ်သူ ဒါရိုက်တာအဖြစ် ပထမဦးဆုံးရိုက်ကူးထားတဲ့ ‘ချိုးရုပ်’ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး သားသမီးတွေဖြစ်တဲ့ နေရဲနှင့်သဇင်ထူးမြင့်တို့မောင်နှမတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ချိုးရုပ်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး
နေရဲ - အဖေ့ရဲ့ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီး ပထမဦးဆုံးအကြိမ်ရုံတင်ခွင့်ရတဲ့အတွက် အဘက် ဘက်က ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေအားလုံး ကျေးဇူးအများကြီးတင်ပါတယ်။ အဖေ့အတွက် လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်က Trailer ပဲကြည့်ရသေးတယ်။

Previous Next

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

အောက်တိုဘာလ ၁၃ရက်နေ့က (၉၉)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ၏ စိန်ရတုခန်းမမှာ ကျင်းပခဲ့ပါ တယ်။ အဆိုပါပွဲကို တက်ရောက်ဂါရဝပြုခဲ့တဲ့ မြနှင်းရည်လွင်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတက်ရောက်ဂါရဝပြုဖြစ်တာနဲ့ပတ်သက်ပြီး
ဒီနှစ်မှစပြီးပါဝင်ဖြစ်တော့ အရမ်းပျော်ပါတယ်။ ရွှေရင်အေးစတုဒီသာကျွေးဖြစ်သလို အနုပညာရှင် သက်ကြီးဘိုးဘွားတွေကို ကန်တော့ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူဝမ်းသာပါတယ်။ သီတင်းကျွတ်မှာ ဘာအစီအစဉ်မှမရှိပါဘူး။ အစ်မတို့ရှုတင်က လပြည့်နေ့တစ်ရက်ပဲ နားတာ။ နောက်နေ့မှာ ပြန်ပြီးစ မှာပါ။ သူငယ်ချင်းတွေနဲ့ရေကျော်ပွဲဈေးတော့သွားဖြစ်တယ်။ တခြားဘာအစီအစဉ်မှတော့မရှိပါဘူး။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

အောက်တိုဘာလ ၁၃ရက်နေ့က (၉၉)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ၏ စိန်ရတုခန်းမမှာ ကျင်းပခဲ့ပါ တယ်။ အဆိုပါပွဲကို တက်ရောက်ဂါရဝပြုခဲ့တဲ့ ဘေဘီမောင်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတက်ရောက်ဂါရဝပြုဖြစ်တာနဲ့ပတ်သက်ပြီး
ဘေဘီတို့လည်း တစ်ချိန်ကျရင် သက်ကြီးရွယ်အိုတွေဖြစ်ကြမှာပါ။ အဲဒီအချိန်ကျရင် အလုပ်တွေမ လုပ်နိုင်တော့သလို ငွေလည်းမရှာနိုင်တော့ဘူး။ အဲဒါကြောင့် အခုသက်ကြီးရွယ်အိုဘိုးဘွားတွေကို ရို သေလေးစွားစွာနဲ့ လာရောက်ဂါရဝပြုဖြစ်တာပါ။ မနှစ်တုန်းက ဈေးပွဲတော်မှာ ပေါက်စီကျွေးဖြစ်တယ်။ ဒီနှစ်တော့ ခရီးတွေသွားနေရတာနဲ့ ဈေးပွဲတော်နှင့်မဆက်သွယ်မိဘူး။ ပြီးတော့ အလှူရှင်တွေလည်း များတယ်ဆိုတာနဲ့ မလှူဖြစ်တော့ဘူး။ အလှူငွေတစ်သိန်းတော့ ထည့်ဝင်ဖြစ်ပါတယ်။ အရင်တုန်းက တီဗွီမှာမြင်ခဲ့ရတဲ့အဘိုးအဘွားတွေကို ကန်တော့ရတာကြည်နူးမိပါတယ်။ အိပ်မက်တစ်ခုလိုပါပဲ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


>>> အောက်တိုဘာလ ၁၃ရက်နေ့က The Boombox Entertainment ကနေ စီစဉ်တဲ့ 4 Reunion Live Concert ပွဲကို Rose Garden Hotel Ballroom မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါရှိုးပွဲမှာ ရွှေထူး၊ X-Boxin၊ Lil’z နှင့်ထက်ယံတို့ လေးယောက်ဖျော်ဖြေခဲ့ကြပြီး Live Concert နဲ့ပတ်သက်ပြီး အဆိုတော် ရွှေထူးနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါ တယ်။
>>> အဖွဲ့လိုက်အတူဖျော်ဖြေရတဲ့ခံစားချက်နဲ့ပတ်သက်ပြီး
အရမ်းကိုပျော်ပါတယ်။ ပွဲမစခင်ကတည်းက သူငယ်ချင်းလေးယောက်သား စကားတပြောပြောနဲ့ အရင်တုန်းကပျော်ခဲ့တဲ့အကြောင်းတွေကို ပြောပြီး ရင်ခုန်နေတာပါ။ ဒီနေ့ရောက်လာပေးတဲ့ ပရိသတ် တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ယောက်ချင်းစီကို အားပေးတဲ့သူတွေပဲဖြစ် ဖြစ် လေးယောက်လုံးကိုအားပေးတဲ့သူတွေပဲဖြစ်ဖြစ် အကုန်လုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လေးယောက် နောက်ပိုင်းမှာ ပွဲတွေအများကြီးလုပ်ဖို့အစီအစဉ်ရှိပါသေးတယ်။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

အောက်တိုဘာလ ၁၃ရက်နေ့က (၉၉)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ၏ စိန်ရတုခန်းမမှာ ကျင်းပခဲ့ပါ တယ်။ အဆိုပါပွဲကို တက်ရောက်ဂါရဝပြုခဲ့တဲ့ရွှေသမီးနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရုပ်ရှင်သက်ကြီးပူဇော်ပွဲနဲ့ပတ်သက်ပြီး
သီတင်းကျွတ်အခါသမယမှာ လူကြီးတွေကို ကန်တော့ရတာ ကုသိုလ်လည်းရသလို စိတ်လည်းကြည် နူးရပါတယ်။ လူကြီးတွေမှာလည်း သူတို့ရဲ့စိတ်ထဲမှာ ပီတိအပျော်တွေနဲ့ဆိုတော့ ဘာနဲ့မှလဲလို့မရပါ ဘူး။ ကိုယ်လည်းတစ်နေ့ကျရင် အိုရမှာပါ။ ငါလည်းတစ်နေ့အိုရမယ်၊ သေရမယ်ဆိုတာတော့ စိတ်ထဲ မှာ အမြဲရှိနေပါတယ်။ အလှူအတန်းတွေလည်း လုပ်ဖြစ်ပါတယ်။ Social Media ပေါ်မှာသာ ဘာတွေ လှူလဲဆိုတာ မပြောဖြစ်တာပါ။ ကိုယ်တိုင်သွားပြီးမလှူဒါန်းနိုင်ရင်တောင် ငွေအားဒါနပြုမိပါတယ်။

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live