Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

>>> ပရဟိတမင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေက အောက်တိုဘာလ ၂ရက် နေ့က မွန်မြတ်လှတဲ့အလှူဒါနတစ်ခုကို ထပ်မံပြုလုပ်လိုက်ကြောင်းသိရပါတယ်။ သူကမတော့ အနုပညာလောကသားထဲကပဲဖြစ်တဲ့ အမေများအဖွဲ့ထဲက ဇာတ်ပို့သရုပ်ဆောင်နန်းခမ်းဝါကို အအေး ဆိုင်တစ်ဆိုင် ဖွင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ၂၀၁၄ခုနှစ်ကတည်းက ပရဟိတအလုပ်တွေ လုပ်ဆောင်လာခဲ့ပြီး အခုဆိုရင်ငါးနှစ်တာကာလထဲရောက်ရှိလာပါပြီ။

ငါးနှစ် တာကာလအတွင်းမှာ ခိုင်နှင်းဝေပရဟိတလူငယ်အသင်းကိုတည်ထောင်နိုင်ခဲ့ပြီး ခိုင်နှင်းေ၀ ရင်ခွင် ရိပ်မြုံဂေဟာကိုလည်း ဖွင့်လှစ်ထားလျက်ရှိပါတယ်။ ခိုင်နှင်းဝေပရဟိတလူငယ်များအသင်းကို လှူဒါန်း ခြင်းတဲ့အလှူရှင်တွေအတွက် ဖုန်းနံပါတ် - ၀၉ ၇၉၃၈ ၄၁၁ ၀၈၊ ၀၉ ၇၉၃၈ ၄၁၁ ၉၄ နှင့် ၀၉ ၇၉၃၈ ၄၁၁ ၆၅ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


>>> အောက်တိုဘာလ ၁ရက်နေ့က ‘Love Equation’ ဇာတ်ကားကန်တော့ပေးပွဲကို ရွှေတိဂုံဘုရား အောင်မြေမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါဇာတ်ကားကို Golden Hour Film Production က စီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာအောင်မြတ်က ရိုက်ကူးပုံဖော်သွားမယ့် Romance ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒေါင်းနဲ့ခါရာ၊ သက်မွန်မြင့်နဲ့ဖွေးဖွေးတို့ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး။ ဖွေးဖွေးရဲ့ငယ်ဘဝအဖြစ် သမီးလေးထိပ်ထားသခင်ကလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါ တယ်။

အဆိုပါဇာတ်ကားကန်တော့ပေးပွဲအခမ်းအနားမှာ ခါရာနဲ့ တွေ့ဆုံခိုက်

‘‘ပေါ့ပေါ့ပါးပါးလူငယ် ဆန်ဆန်သရုပ်ဆောင်ရမယ့် ဇာတ်ကားတစ်ကားပါ။ကျွန်တော့်ရဲ့ကာရိုက်တာက ရုပ်ချောပြီး ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အရမ်းကြင်နာတတ်တဲ့သူတစ်ယောက်အနေနဲ့သရုပ်ဆောင်ရမှာပါ။ ကျွန် တော်ကအရမ်းချစ်တတ်ပါတယ်။ ကိုအောင်မြတ်ကလည်း အရမ်းချစ်တတ်တဲ့ဒါရိုက်တာလေ။

Tags: ,
ညီလေးမင်းသွေးအတွက်တစ်နှစ်ပြည့်အလှူအတန်းလုပ်မယ်ဆိုတဲ့နေတိုး

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active


>>> အောက်တိုဘာလ ၁ရက်နေ့က စပွန်ဆာရုပ်ရှင်ဇာတ်ကား Red Carpet Show ကို သမ္မတရုပ် ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ Main Actor တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေတိုးနဲ့တွေ့ဆုံခိုက် ‘‘ဒီဇာတ်ကားက မိသားစုရဲ့ဘဝကို ထိထိမိမိနဲ့ ၅၂၈မေတ္တာကို အခြေခံပြီးပဲ ကျွန်တော်တို့ ရိုက်ကူးထားတဲ့ဇာတ်လမ်းပါ။ ပရိုမိုးရှင်းအရ ပိုစတာ၊ ဇာတ်ကားနာမည်နဲ့ Trailer တွေက အရမ်းဟော့နေတာပါ။ တကယ်တမ်းကြည့်တဲ့အခါမှာ မိဘနဲ့ညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာကို အခြေခံထားတဲ့ဇာတ်ကားတစ်ကားမှန်းသိကြမှာပါ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၂၈ရက်နေ့က Snare ရဲ့ FG Live Lounge ပွဲကို ဝေဇယန္တာလမ်းမပေါ်ရှိ ရေကူးစတူဒီ ယိုမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Snare နဲ့အတူ သီဆိုဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် R ဇာ နည်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> Snare နဲ့အတူ ဖျော်ဖြေရတဲ့ခံစားချက်ကိုတော့
Snare နဲ့ ဖောက်ပြားမှုသီချင်းကို လွန်ခဲ့တဲ့ခြောက်နှစ်က Snare ရဲ့ Show ပွဲမှာ ဆိုခဲ့ဖူးတယ်။ ဒီနေ့မှာ လည်း နေဝင်းတို့က ကိုအာကြီးဆိုပေးပါဦးလို့ပြောတာနဲ့ ဆိုဖြစ်ခဲ့တာပါ။ အမှတ်တရကတော့ လွန်ခဲ့ တဲ့ခြောက်နှစ်က အစ်ကိုက အခုအချိန်ထက် ပေါင်ချိန်၃၀လောက်နည်းတယ်။ ပေါင်ချိန်နဲ့ပဲခွဲခြားပြော ရမှာပေါ့(ရယ်လျက်)။ ဒီနေ့ Snare Live Lounge က စင်အောက်က ကလေးတွေနဲ့ စင်ပေါ်ကကလေး တွေနဲ့ အတူတူဖျော်ဖြေကြတယ်လို့ပဲ သတ်မှတ်ပေးကြပါ။ ပရိသတ်တွေနဲ့အပြန်အလှန်သီဆိုရတာ ပျော်စရာကောင်းပါတယ်။ သူတို့ရေးထားတဲ့အကြောင်းအရာတွေကလည်းမိုက်တယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်လမ်းတွေနဲ့ VCD သီချင်းတွေမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို အခုအချိန်မှာလည်း မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို အဓိကရည် ရွယ်ပြီး လူမှုရေးစောင့်ရှောက်မှုအနေနဲ့ အသောကကျန်းမာရေးဖောင်ဒေးရှင်းကို ဦးဆောင်တည် ထောင်သူတစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင်ပပစိုးကြည်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Sunday - အနုပညာလောကနဲ့အလှမ်းဝေးသွားတဲ့အကြောင်းကို ပြောပြပေးပါဦး။
ပပစိုးကြည် -၂၀၁၀ခုနှစ်တုန်းက မမရဲ့အမျိုးသားက မလေးရှားကိုထွက်သွားတယ်။ သူ့ရဲ့နောက် ကိုလိုက်သွားရင်းနဲ့ ရုပ်ရှင်ကို ဆက်မရိုက်ဖြစ်တော့ဘူး။ အရင်တုန်းက တော်တော်များများ ရိုက်ကူးခဲ့ တယ်။ အရေအတွက်ကို သေသေချာချာမမှတ်မိတော့ဘူး။ အဲဒီတုန်းက ခေတ်ပြိုင်တွေဆိုရင် မမိုး ပြည့်နဲ့ပွင့်နဒီမောင်တို့ရှိတယ်။ မမိုးပြည့်နဲ့ကတော့ တော်တော်များများ တွဲပြီးရိုက်ကူးခဲ့ရပါတယ်။ ကျန် တာတွေတော့ သေချာမမှတ်မိတော့ဘူး(ရယ်လျက်)။

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live