Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဇာတ်လမ်း လုံမ၊ ဇာတ်ညွှန်းသက်ဦးမောင်ရေးသား၍ ဒါရိုက်တာအောင်ဇော်လင်းရိုက်ကူးထားကာ နေတိုး၊ ရဲလေး၊ ကျော်ကျော်၊ ပိုင်ဖြိုးသု၊ မြတ်ကေသီ အောင်၊ ဇင်ဝိုင်း၊ ဝါဝါအောင်၊ ချောကလျာ၊ သဉ္ဖာမြင့်မိုရ်နှင့်အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင် ထားတဲ့ စပွန်ဆာရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ ၃ရက်နေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက်တည်းပြသသွားမှာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့မြတ်ကေသီအောင်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၂၈ရက်နေ့က Snare ရဲ့ FG Live Lounge ပွဲကို ဝေဇယန္တာလမ်းမပေါ်ရှိ ရေကူးစတူဒီ ယိုမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Snare နဲ့အတူ G Family တွေနဲ့တကွ အတူတူသီဆိုဖျော် ဖြေပေးခဲ့တဲ့ အဆိုတော် G Fatt နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအ တွက် ဖော်ပြပေးလိုက်ပါတယ်။
>>> Snare နဲ့အတူ ဖျော်ဖြေရတဲ့ခံစားချက်ကိုတော့
Snare အဖွဲ့ကလူတွေက ကျွန်တော့်ရဲ့သူငယ်ချင်းတွေမဟုတ်ဘူး။ အစ်ကိုတွေပါ။ ဒီညမှာ အစ်ကို တွေနဲ့အတူ Ghettoသီချင်းသီဆိုခွင့်ရတာ အပျော်ဆုံးနဲ့အမှတ်တရပါပဲ။ အဲဒီသီချင်းက ကျွန်တော် ငယ်ငယ်တုန်းက အိမ်ပေါ်ကဆင်းပြီး ပေတေပြီးလျှောက်သွားနေတဲ့အချိန်မှာ G Family ထဲက ကိုတိုး တိုးဆိုတဲ့အစ်ကိုနဲ့ကျွန်တော်ကခင်နေတော့ သူက မင်းတစ်ယောက်ထဲဆိုရင် ရေကျော်ကိုလာ ခဲ့ပါလား။ ငါတို့ G Family အုပ်လိုက်ကြီးရောက်နေတယ်လို့ပြောတယ်။ အဲဒီတုန်းက ကျွန်တော်က G Family ကလည်း မဟုတ်သေးဘူး။ သူတစ်ယောက်တည်းနဲ့ပဲခင်သေးတာ။

Tags:
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၂၇ရက်နေ့က မခိုင်လေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူဒါနတွေ အများကြီး လှူဒါန်းခဲ့တဲ့ မွေးနေ့ရှင်သရုပ်ဆောင်ခိုင်သင်းကြည်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မွေးနေ့အလှူပွဲပြုလုပ်ဖြစ်တာနဲ့ပတ်သက်ပြီး
မခိုင်က သက်ကြီးပူဇော်ပွဲကို နှစ်တိုင်းလှူဖြစ်တယ်။ အောက်တိုဘာလထဲမှာ သက်ကြီးပူဇော်ပွဲရှိတဲ့ အတွက် သက်ကြီးပူဇော်ပွဲအတွက် လှူလိုက်တယ်။ ပြီးတော့ ရုပ်ရှင်နဲ့စာပေဆိုတာကလည်း ဆက်စပ် နေတဲ့အတွက် လှူဒါန်းဖြစ်တယ်။ ဝတ္ထုကောင်းတွေရှိမှလည်း ရုပ်ရှင်ကောင်းတွေထွက်လာနိုင်တာပါ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သဘာဝဘေးဒဏ်ခံစားနေရသော ဒေသများပြန်လည်ထူထောင်ရေးရန်ပုံငွေ နှင်းဆီလှေအငြိမ့် မီဒီယာအသိပေးမိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၆ရက်က မြောက်ဒဂုံတော်ဝင်အိမ်ယာရှိ Story Board Movie Studio မှာ ကျင်းပခဲ့ပါတယ်။ နှင်းဆီလှေအငြိမ့်ကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဦးစီးဆောင်ရွက်ပြီး မင်းသမီးများအဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ နှင့် လူရွှင်တော်များအဖြစ် နေတိုး၊မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းနှင့်ရဲလေးတို့ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး အောက်တိုဘာလ ၄ရက်နေ့မှာ ရန်ကုန်မြို့ရှိ အင်လျားလိတ်ဟိုတယ် မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါအငြိမ့်မှာ မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်မိုးပြည့် ပြည့်မောင်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။

>>> နှင်းဆီလှေအငြိမ့်မှာပါဝင်ဖြစ်တာနဲ့ပတ်သက်ပြီး
မိုးပြည့်တို့က ရေဘေးဖြစ်နေတဲ့အချိန်သွားရောက်ကူညီတာထက် ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေဆောင်ရွက်တဲ့အချိန်မှာ ပိုပြီးကူညီချင်တယ်။ လူတွေက ပြန်လည်ထူထောင်ရေးကျရင် အားနည်းသွားကြတယ်။ ကူညီမယ့်သူတွေ သိပ်ပြီးမရှိတော့ဘူး။ နှင်းဆီအငြိမ့်ရန်ပုံငွေပွဲကလည်း အဲဒီ အတွက်ရည်ရွယ်ပြီးလုပ်တာပါ။ မိုးပြည့်တို့မြန်မာလူမျိုးတွေက တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူ ညီကျတယ်။ လောကကြီးမှာ လူသားအားလုံးက တစ်ယောက်တစ်နေရာစီမှာပါ။ အခုလိုတွေ့ဆုံရ တယ်ဆိုတာ ရေစက်ရှိလို့ပါ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးမတော်စပ်ခဲ့သူဆိုတာ မရှိပါဘူး။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၂၇ရက်နေ့က မခိုင်လေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ အလှူဒါနတွေ အများကြီးလှူဒါန်း ခဲ့ကြောင်းလည်းသိရပါတယ်။ အမေဖြစ်သူရဲ့ မွေးနေ့အမှတ်တရတွေနဲ့ပတ်သက်ပြီး မခိုင်လေးရဲ့သမီး ဖြစ်သူစံထိပ်ထားဦးနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြ ပေးလိုက်ပါတယ်။
>>> အမေဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားကိုတော့
အမေ နှစ်တစ်ရာကျော်အသက်ရှည်နိုင်ပါစေ။ ဖေဖေ့အနားမှာလည်း အမြဲနေနိုင်ပါစေ။ အကယ်ဒမီဆု တွေလည်း အများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်။

 

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live