Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၁၄ရက်နေ့က Shwe FM 10th Anniversary ပွဲကို ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဆုချီးမြှင့်ပွဲမှာ မျက်နှာသစ်အနုပညာရှင်ဆုရရှိခဲ့တဲ့ အဆိုတော်အုပ်စိုးခန့် နှင့်အတူ သူ့ရဲ့အမေနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> Shwe FM ပွဲနဲ့ပတ်သက်ပြီး
အုပ်စိုးခန့် - Shwe FM (၁၀)နှစ်ပြည့်အထိမ်းအမှတ်မှာ Shwe FM မိသားစုတွေ ဒီထက်မက အောင် မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ပွဲတက်ဖက်ရှင်ကတော့ သားအမိနှစ်ယောက် ဆင်တူ ဝတ်ခဲ့တာပါ။ အမေကတော့ အလှဆုံးပါပဲ။ ဂီတကို ကျွန်တော် အသက် (၁၃)နှစ်ကတည်းက စပြီး လုပ်ခဲ့တာပါ။ လူတွေသတိထားမိလာတာက အသက် (၁၆)နှစ်လောက်မှပါ။ ကျွန်တော်က ငယ်ငယ် လေးကတည်းက အနုပညာပိုးပါလာတဲ့အတွက် အားရင်သီချင်းဆိုနေတာပဲ။ အနုပညာလမ်းကြောင်း မှာလျှောက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့အတွက် ဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ပါဘူး။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၁၂ရက်နေ့က အဆိုတော်မိစန္ဒီရဲ့ လေးခွေမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့ သတ္တိခဲအခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ Burdubai မှာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်အိမ့်ချစ်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မိစန္ဒီရဲ့သတ္တိခဲသီချင်းခွေမိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး
မိစန္ဒီက တကယ်သတ္တိခဲပါ။ ဒီထက်မကအများကြီးအောင်မြင်ပါစေ။ မိစန္ဒီက အမြဲတမ်းကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတော့ ဒီအခွေထဲမှာ ဘယ်လိုအသစ်အဆန်းတွေလုပ်ထားလဲဆိုတာ နားထောင်ချင် ပါတယ်။ သူက ခေတ်နဲ့အညီ ဘာတွေဖြစ်နေလဲဆိုတာ လေ့လာတယ်။ ဂီတနဲ့ပတ်သက်ပြီး အရမ်းရူး သွပ်ပြီးကြိုးစားတယ်။ အဲဒီတစ်ချက်ကိုတော့ အိမ့်ချစ်ကြိုက်တယ်။ သူ့ရဲ့သီချင်းတွေက အသည်းကွဲ သီချင်းတွေများတယ်ဆိုတော့ သူနဲ့အတူတွဲပြီး သီချင်းတစ်ပုဒ်လောက် ဖန်တီးဦးမှာပါ(ရယ်လျက်)။ သူနဲ့အိမ့်ချစ်ကတူတယ်။ ချစ်သူထားရင်လည်း အရှေ့နဲ့အနောက်ပါ။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

>>> မိစန္ဒီရဲ့သတ္တိခဲအခွေနဲ့ပတ်သက်ပြီး
မိစန္ဒီအခွေထွက်သွားမှပဲ ကျွန်တော်လည်း အလုံးကြီးကျသွားတော့တယ်။ ဒီအခွေရဲ့တစ်ဝက်လောက် က ကျွန်တော်တီးထားတာပါ။ တစ်ခွေလုံးရဲ့ Vocal Guide နဲ့ Arrangement တွေကို ကျွန်တော်အကူ အညီပေးထားတာပါ။ တစ်ချိန်လုံးနားပူနားဆာလုပ်နေတာ။ အခုပြီးသွားတော့ ကျွန်တော်လည်းအဆင် ပြေသွားပါတယ်။ နို့မို့ဆိုရင် ဖုန်းဆက်လိုက်၊ အီးမေလ်ပို့လိုက်၊ မက်ဆင်ဂျာကနေပြောလိုက်နဲ့ စတူဒီယို ရက်ချိန်းကိုလည်း သူ့အတွက်ပေးရသေးတယ်။ သူ့ရဲ့အခွေထဲမှာ ထူးခြားတာက Featuring က မိန်း ကလေးတွေပဲပါတယ်။ နောက်တစ်ခုက တစ်ခွေလုံးကို သူရေးထားတာပါ။ တစ်ခွေလုံးကို သူဖန်တီးနိုင် တဲ့အတွက် သူ့ကိုချီးကျူးပါတယ်။ သီချင်းစာသားတွေက ထူးဆန်းတဲ့အကြောင်းအရာတွေပါတယ်။ ကျွန်တော်လည်းအများကြီးကြိုးစားပေးထားပါတယ်။ အားပေးကြပါ။

 

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၁၂ရက်နေ့က အဆိုတော်မိစန္ဒီရဲ့ လေးခွေမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့ သတ္တိခဲအခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ BurDubai မှာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်ပိုပိုနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မိစန္ဒီရဲ့သတ္တိခဲသီချင်းခွေမိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး
သတ္တိခဲမမကြီးရဲ့ အခွေကို နားထောင်ရတာ အရမ်းမိုက်ပါတယ်။ သူ့ရဲ့သီချင်းတွေကို အားပေးကြဖို့ တိုက်တွန်းပါတယ်။ သီချင်းတင်မကဘူး။ သူက Music Video ဖန်တီးတာကအစ အရမ်းကြိုးစား တယ်။ စိတ်ကူးကောင်းပြီး အသစ်အဆန်းတွေအများကြီးလုပ်တယ်။ ပိုပို သူ့ကိုကြိုက်တယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

စက်တင်ဘာလ ၁၂ရက်နေ့က အဆိုတော်မိစန္ဒီရဲ့ လေးခွေမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့ သတ္တိခဲအခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ BurDubai မှာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်ဆိုဖီယာနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မိစန္ဒီရဲ့သတ္တိခဲသီချင်းခွေမိတ်ဆက်ပွဲနဲ့ပတ်သက်ပြီး
မိစန္ဒီရဲ့ သတ္တိခဲ Title Songကို ပါဝင်ကူညီသီဆိုပေးထားပါတယ်။ အဓိကက မိစန္ဒီရေးထားတဲ့ သီချင်းလေးလည်းဖြစ်တဲ့အတွက် ဆိုဖြစ်တာပါ။ သီချင်းကတော့ မိန်းကလေးတွေအတွက် Motivation ပေးတဲ့သဘောပါပဲ။ မနှစ်ကတည်းက အစ်မနဲ့သူနဲ့ တွဲပြီးလုပ်ဖို့အစီအစဉ်ရှိထားတယ်။ အခုလုပ်ဖြစ်သွားတာပေါ့။

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live