Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Gossip

မန္တလေးသား "ဖြိုး မိုး" သားတို့ အမြွှာ ညီအစ်ကိုလေး

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မနေ့ညက ပြုလုပ်ခဲ့တဲ့ Myanmar Got Talent မှာ Winner မရပေမဲ့ .. နောက်ဆုံး အဆင့်အထိ တက်ရောက်ခဲ့ပြီး ပရိသတ် အချစ်ကို ပိုင်ဆိုင်ခဲ့တဲ့ မန္တလေးသား "ဖြိုး မိုး" သားတို့ အမြွှာ ညီအစ်ကိုလေး

Previous Next

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

“သရဲဆိုတာဂျိုနဲ့လားဟေ့”ဆိုတဲ့ ဇာတ်ကားမှာပါဝင်ထားတဲ့ သရုပ်ဆောင် ယမင်းမေဦးနှင့် တွေ့ဆုံခဲ့ရာမှာတော့ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသည့် ခံစားချက်နှင့် ပတ်သက်ပြီး “ဒီဇာတ်ကားကို လွန်ခဲ့တဲ့၂နှစ်ကျော်လောက်ကတည်းက ကျွန်မတို့ရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားရုံတင်ရင် ပရိသတ်တွေ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ အခုတော့ စိတ်လှုပ်ရှားနေပါတယ်။

ဒီဇာတ်ကားရိုက်ခဲ့တုန်းက ကျွန်မတတ်နိုင်တဲ့ဘက်က ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် စီနီယာတွေသင်ပေးသမျှကို ကြိုးစားတယ်။ပြန်ကြည့်တဲ့အချိန်မှာတော့ လိုအပ်ချက်တွေ တော်တော်များများတော့ ရှိနေသေးတယ်လို့ထင်တယ်။ တချို့နေရာတွေမှာ အိုက်တင်တွေ လိုတာပိုတာတွေ ၊ အသံ Flowလေးတွေကအစ ကျွန်မမှာ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ပြီးတော့ ဒီဇာတ်ကားက နယ်ဘက်မှာ ရိုက်ခဲ့တာဆိုတော့ အမှတ်တရတွေတော့ တော်တော်များခဲ့ပါတယ်””လို့ပြောပြခဲ့ပါတယ်။

မွေးနေ့ပွဲမှာ Vitacap ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ ကောင်းထက်ဇော်

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

MRTV-4 ရဲ့ Presenterအဖြစ် လူသိများပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ကောင်းထက်ဇော်ကို သူ့ရဲ့မွေးနေ့ပွဲမှာ တွေ့ဆုံမေးမြန်းဖြစ်ရာမှာတော့ အဆိုပါပွဲနဲ့ပတ်သက်ပြီး ““ဒီပွဲက ကျွန်တော့်ရဲ့ မွေးနေ့ပွဲဖြစ်သလို Vitacap က ကျွန်တော့်ကို Brand Ambassadorအဖြစ် ခန့်အပ်တဲ့ပွဲလည်း ဖြစ်ပါ တယ်။

အရင်တုန်းကVitacap မှာ ကိုသားကြီး (ဒွေး) က Brand Ambassadorအဖြစ် တာဝန်ယူပါတယ်။ ကိုသားကြီးနဲ့ယှဉ်လိုက်ရင် ကျွန်တော်နဲ့က အဆပေါင်း ပြောမပြတတ်အောင် ကွာခြားပါတယ်။ ကိုသားကြီးရဲ့ မမေ့နဲ့နော်Vitacap ဆိုတဲ့ ကြော်ငြာကိုကျွန်တော်တို့ ကြည့်ပြီး သူ့လိုမျိုးဖြစ်ချင်လိုက်တာဆိုတဲ့ စိတ်မျိုး ဖြစ်ဖူးတယ်။ တီဗီကြည့်တဲ့ ပရိသတ်တွေကလည်း ကျွန်တော့်ကို သိကြတဲ့အတွက် Vitacapက ကျွန်တော့်ကို Brand Ambassadorအဖြစ် ခန့်အပ်တာဖြစ်ပါလိမ့်မယ်။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်”” လို့ ပြောပြခဲ့ပါတယ်။

Myanmar Idolမှာ ဝတ်တဲ့ ဝတ်စုံတွေကို တေးချစ်သူက နိုင်ငံခြားကဝယ်လာပြီး ဒီဇိုင်နာ မျိုးမင်းစိုးက ချုပ်ပေးတယ်ဆိုတဲ့ မြန်မာပြည်သိန်းတန်

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

စန္ဒားရားမျိုးနိုင်ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့တဲ့ မြန်မာပြည်သိန်းတန်နှင့် တွေ့ဆုံခဲ့ရာ အဆိုပါ အခွေနှင့်ပတ်သက်ပြီး““ကိုမျိုးနိုင် နဲ့ ကျွန်တော်နဲ့ ၁၉၇၄ ခုနှစ် ကတည်းက စတွေ့ခဲ့တဲ့ သူငယ်ချင်းပါ။

အဲဒီကနေတစ်ဆင့် ဂီတသူငယ်ချင်းဖြစ်လာတယ်။ အခုဆိုရင် ဂီတညီအစ်ကိုဖြစ်နေပြီ။ သူ့တီးပုံ၊သူ့ဂီတ၊ သူ့ပညာပိုင်းကတော့ မြန်မာပြည်မှာ သူတစ်ယောက်တည်းရှိတယ်။ တခြား ဘယ်သူ့မှလည်း သူ့ရဲ့လက်၁ဝချောင်းလို ထပ်တူထပ်မျှ မတီးဖြစ်ကြဘူး။ အဲဒါကြောင့် သူက တော်တော်ထူးခြားပြီးတန်ဖိုးရှိတယ်။ အခုလို တစ်ကိုယ်တော်အခွေ ထုတ်လိုက်တဲ့အချိန်မှာ အားလုံးသော တေးချစ် သူတွေအတွက် လိုအပ်တဲ့ တေးဂီတဖြစ်တယ်။ အတိုချုပ်ပြောရရင် သူ့ဂီတက လူ့စိတ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဂီတဖြစ်တယ်””လို့ ပြောပြခဲ့ပါတယ်။

အခုအချိန်မှာ သေရဲလားလို့ မေးရင် သေရဲပါပြီ- ပိုပို

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

အိမ်ရှေ့မှာ မနက်တိုင်း တန်းဆွမ်းထွက်လောင်းတဲ့ အဆိုတော်ပိုပိုကို သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ရာမှာတော့ တန်းဆွမ်းလောင်းဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး““ ဟိုးအရင်ကတည်းက အရုဏ် ဆွမ်းတွေ၊ တန်းဆွမ်းတွေလောင်းပေမဲ့ မပျက်မကွက်လောင်းဖြစ်တာ  ခြောက်လလောက်ရှိပြီ။ နေ့စဉ်နေ့တိုင်း လောင်းတယ်ဆိုတဲ့ ပီတိတော့ ဖြစ်ပါတယ်။ ပြီးတော့ ကိုရင်တွေအများကြီးကြွတော့  ကျောင်းမှာ ဆွမ်းဟင်းတွေ ပိုပါ့မလား၊ လှူတဲ့သူရောရှိပါ့မလားဆိုပြီး အမြဲတွေးတယ်။

s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2020 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live