ကိုယ့်ကိုအရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောကြတော့ ဘယ်လိုခံစားရလဲ
အရမ်းကိုပျော်တာပေါ့နော်။ အဲ့လိုစကားမျိုးကြားတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ တစ်ချို့က ထိပ်ထိပ်ကို Kittပုံစံနဲ့လိုက်တယ်လို့ပြောကြတယ်။ အဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။
ကိုယ့်ကိုအရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောကြတော့ ဘယ်လိုခံစားရလဲ
အရမ်းကိုပျော်တာပေါ့နော်။ အဲ့လိုစကားမျိုးကြားတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ တစ်ချို့က ထိပ်ထိပ်ကို Kittပုံစံနဲ့လိုက်တယ်လို့ပြောကြတယ်။ အဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။
MAC Cosmetics ဆိုင်ဖွင့်လိုက်တဲ့အပေါ်
အရမ်းဝမ်းသာပါတယ်။ ဒီလိုမျိုး အင်တာနေရှင်နယ်လ် brand တွေက မြန်မာပြည်ကိုရောက်လာတာဆိုတော့ တကယ်ကို ဝမ်းသာဖို့ကောင်းပါတယ်။ ကစ်တို့အနေနဲ့လည်း နိုင်ငံခြားသွားမှ ဝယ်ဖြစ်တာထက် အခုဆိုရင် ကိုယ်ကိုယ်တိုင် စိတ်ကြိုက်ဆိုင်မှာရွေးလို့ရတယ်ပေါ့နော်။ ဘန်ကောက်တို့ စင်ကာပူတို့ထက် ဈေးနှုန်းသက်သာတဲ့အတွက် အရမ်းပျော်ပါတယ်။ အင်တာနေရှင်နယ်လ် Brand ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ဈေးဝယ်ရသလိုပဲပေါ့နော်။
Essence ပွဲနဲ့ ပတ်သက်ပြီး
အရမ်းပျော်တယ်ပေါ့နော်။ ပါဖော်မန့်တွေကော အင်တာတိတ်မန့်တွေကော အများကြီးပါတယ်ဆိုတော့ ပွဲတက်တဲ့သူတစ်ယောက်အနေနဲ့လည်း ဒါအရမ်းတန်တယ်လို့ထင်တယ်။ ဒါ့အပြင် မိတ်ကပ်ပိုကြိုက်တဲ့သူတွေအတွက်လည်း ပရိုမိုးရှင်းတွေအများလုပ်ပေးတော့ လာပြီးတော့ အချိန်ပေးရတာ တန်တဲ့ပွဲတစ်ပွဲလို့ မြင်ပါတယ်။
ဒီပွဲလေးတက်ရောက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး
ကိုယ်တွေငယ်ငယ်လေးထဲက ကြော်ငြာလုပ်ငန်းတွေကို ကြော်ငြာတွေခေါ်ရိုက်ပေးတယ်ပေါ့နော်။ ကိုယ်တွေကို တစ်ထောင့်တစ်နေရာကနေ Commercial model ပံ့ပိုးပေးခဲ့တဲ့အစ်ကိုပါ။ ဒီဘက်မှာလည်း ကိုယ့်အစ်ကိုနဲ့ အရမ်းခင်တယ်။ အရမ်းရင်းနှီးတယ်ပေါ့နော်။ ကိုယ့်အစ်ကိုကြီးက အခုလိုစွံသွားတော့ အရမ်းဝမ်းသာတာပေါ့နော်။ ခင်လာတာအရမ်းကြာပြီပေါ့နော်။ ဟိုးမော်ဒယ်ပေါက်စသေးသေးလးထဲက ခုချိန်ထိပဲပေါ့နော်။ အစ်ကိုက လူမှုရေးအရမ်းကောင်းတယ်။ မောင်နှမသားချင်းတွေလို အရမ်းစောင့်ရှောက်တယ်ပေါ့နော်။ ပြီးတော့ စိတ်ရင်းလည်း အရမ်းကောင်းပါတယ်။
ပွဲတက်ဖြစ်ပုံလေး
တက်ဖြစ်ရတဲ့အကြောင်းရင်းလေးက Essence ကိုမျိုးက ကျွန်တော်နဲ့ညီအစိုလိုရင်းနှီးလို့ တတ်ဖြစ်တာပါ။ အရမ်းလဲခင်ပါတယ်။ ဒီပွဲလေးအတွက်ကို တက်ရောက်ဖို့ ကျွန်တော့်ကို လှမ်းပြီးတော့ ဖိတ်လိုက်တာပါ။ အဲ့အတွက်ကြောင့် ကျွန်တော်ဒီပွဲလေးကို တက်ဖြစ်တာပါ။ ဒီလေးနှစ်ပြည့်ကနေစပြီးတော့ Essence ကုန်ပစ္စည်းများ နောင်နှစ်ပေါင်းများစွာတိုင်အောင် အဓွန့်ရှည် တည်တံ့နိုင်ပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးပါတယ်။
Enjoy the hot and latest multimedia of Myanmar and world celebrities & in depth issues in Sunday Journal, daily online or weekly publication.
Every Days Is Your Entertainment!