ဒီပွဲလေးတက်ရောက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး
ကိုယ်တွေငယ်ငယ်လေးထဲက ကြော်ငြာလုပ်ငန်းတွေကို ကြော်ငြာတွေခေါ်ရိုက်ပေးတယ်ပေါ့နော်။ ကိုယ်တွေကို တစ်ထောင့်တစ်နေရာကနေ Commercial model ပံ့ပိုးပေးခဲ့တဲ့အစ်ကိုပါ။ ဒီဘက်မှာလည်း ကိုယ့်အစ်ကိုနဲ့ အရမ်းခင်တယ်။ အရမ်းရင်းနှီးတယ်ပေါ့နော်။ ကိုယ့်အစ်ကိုကြီးက အခုလိုစွံသွားတော့ အရမ်းဝမ်းသာတာပေါ့နော်။ ခင်လာတာအရမ်းကြာပြီပေါ့နော်။ ဟိုးမော်ဒယ်ပေါက်စသေးသေးလးထဲက ခုချိန်ထိပဲပေါ့နော်။ အစ်ကိုက လူမှုရေးအရမ်းကောင်းတယ်။ မောင်နှမသားချင်းတွေလို အရမ်းစောင့်ရှောက်တယ်ပေါ့နော်။ ပြီးတော့ စိတ်ရင်းလည်း အရမ်းကောင်းပါတယ်။
မင်္ဂလာဆုတောင်းစကားလေးပြောပေးပါဦး
အစ်ကိုနဲ့အစ်မနဲ့ အမြန်ဆုံးသားသားမီးမီးလေးတွေရပြီးတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ သက်ဆုံးတိုင် မိသားစုလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မင်္ဂလာပွဲတက်ရောက်ဖြစ်တဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး
အခုဒီဝတ်စုံက နှစ်ပွဲရှိပြီပေါ့နော်။ အစ်မက မြန်မာအင်္ကျီတွေ ကြိုက်တယ်လေ။ အစ်မအမြဲတမ်းဝတ်ရင် ရင်ဖုံး၊ လည်ပင်းအပိတ်လက်ရှည်က တော်တော်များများဝတ်ဖြစ်တယ်လေ။ မိတ်ကပ်ကတော့ မိတ်ကပ်ဆရာသူသူလိမ်းပေးထားတာပေါ့နော်။ အစ်မရဲ့ မိတ်ကပ်ဆရာပေါ့နော်။
လတ်တလောအနုပညာ လှုပ်ရှားမှု
ဒီညနေပဲ Travel blog အတွက် ဟိုပုန်းသွားရမယ်ပေါ့နော်။ မကြာခင် Channel K ကနေ ပြသတော့မယ့် အေးမြတ်သူတို့ ခရီးသွားအစီအစဉ်လေး Solo Burma ဆိုတာရှိတယ်။ အဲ့ဒါလေးကို ပြသဖို့အတွက် ရိုက်ကူး ရေးတွေရှိတယ်ပေါ့နော်။ မနက်ဖြန်ဆိုရင် မြင်းစီးပြိုင်ပွဲရှိတယ်လေ။ အဲ့ဒီကို ရိုက်ကူးရေးသွားပါမယ်။ လကုန်ကျရင် အေးမြတ်သူ ဦးစတီးလ်နဲ့ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်ရှင့်။
အကယ်ဒမီရင်ခုန်ခံလေးပြောပြပေးပါဦး
စောပါသေးတယ်။ နောက်မှပြောကျတာပေါ့နော်။ အားလုံးအားလုံးတော်ကြပါတယ်။ အားလုံးအတွက် ရင်ခုန်နေပါတယ်လို့လဲ ပြောချင်ပါတယ်။
အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်
အေးမြတ်သူကို ယနေ့အထိချစ်ခင်နှစ်သက်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။
အေးမြတ်သူ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့အတူ ပြုပြင်ပြောင်းလဲပြီး လိမ်မာအောင်နေတာတယ်ပေါ့နော်။ အဲ့အတွက် အေးမြတ်သူကို ဆက်ပြီးတော့ ချစ်ပေးကြပါဦး၊ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။