MAC Cosmetics ဆိုင်ဖွင့်လိုက်တဲ့အပေါ်
အရမ်းဝမ်းသာပါတယ်။ ဒီလိုမျိုး အင်တာနေရှင်နယ်လ် brand တွေက မြန်မာပြည်ကိုရောက်လာတာဆိုတော့ တကယ်ကို ဝမ်းသာဖို့ကောင်းပါတယ်။ ကစ်တို့အနေနဲ့လည်း နိုင်ငံခြားသွားမှ ဝယ်ဖြစ်တာထက် အခုဆိုရင် ကိုယ်ကိုယ်တိုင် စိတ်ကြိုက်ဆိုင်မှာရွေးလို့ရတယ်ပေါ့နော်။ ဘန်ကောက်တို့ စင်ကာပူတို့ထက် ဈေးနှုန်းသက်သာတဲ့အတွက် အရမ်းပျော်ပါတယ်။ အင်တာနေရှင်နယ်လ် Brand ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ဈေးဝယ်ရသလိုပဲပေါ့နော်။
ကောင်တာမှာဆိုရင် မိတ်ကပ်ဘားတစ်တွေ Beauty အဘိုက်ဇာတွေ အကုန်လုံးရှိတယ်ပေါ့နော်။ တတ်ကျွမ်းတဲ့သူတွေကလည်း ကိုယ်နဲ့လိုက်မလိုက် ရှင်းပြလို့ရတယ်ပေါ့နော်။ အခု နှုတ်ခမ်းနီတွေဆိုရင်လည်း ကစ်မေးကြည့်တာ အရောင်ပေါင်း ၁၅၀ ကျော်တယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့နာမည်ကြီးတဲ့ စတူဒီယိုဖစ်ဆိုတဲ့ ဖောင်ဒေးရှင်းဆိုရင်လည်း အရောင် ၅၂ ရောင်လောက်ရှိတယ်ပေါ့နော်။ MAC အိုင်ရှဲလ်ဒိုးတွေလည်း သုံးဖူးတဲ့သူတွေသိမှာပါ။ ရောင်းထွက်အားအရမ်းကောင်းတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် အပြင်သွားတာပဲဖြစ်ဖြစ် ခရီးသွားတာပဲဖြစ်ဖြစ် အိတ်ဆောင်အနေနဲ့ယူသွားလို့ရတယ်ပေါ့နော်။ MAC က ကစ်ငယ်ငယ်လေးကတည်းက သုံးလာတဲ့ Brandပေါ့နော်။
ဒါက အကုန်လုံးလဲသိပြီးသားဖြစ်မှာပါ။ နောက်တစ်ခုက ရူတင်တွေမှာဆိုရင်လည်း မိတ်ကပ်ဆရာဘောက်စ်ထဲမှာ အမြဲတမ်းပါတယ်ပေါ့နော်။ အဓိကကတော့ ကိုယ်တိုင်ဝယ်ပြီတော့ သုံးကြည့်ပြီးတော့မှ ဝယ်ရတဲ့သူတွေအတွက် ပျော်စရာပေါ့နော်။ သတင်းကောင်းလေးပေးချင်ပါတယ်။ အခု Junction City ပထမထပ်မှာပါ။ ဝင်လိုက်တာနဲ့တွေ့ပါလိမ့်မယ်။ MAC ကောင်တာ အကြီးကြီးဖွင့်ပြီပေါ့နော်။ လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး
အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကြီးက အကုန်လုံးရိုက်ပြီးသွားပြီပေါ့နော်။
ပိုင်တံခွန်နဲ့တွဲဖက် သရုပ်ဆောင်ရတဲ့အပေါ်
သူလည်းအသစ်ယောက်ပေမယ့် သူကြိုးစားတယ်။ ကစ်ကလည်း အသစ်ကလာခဲ့ဖူးတော့ သူနဲ့ဆိုရင် တချို့နေရာလေးတွေမှာ ပြောပြတာမျိုးလေးတွေ အကြံပေးတာမျိုးလေးတွေတော့ရှိတာပေါ့နော်။ ဒါပေမယ့် အကုန်အဆင်ပြေပါတယ်။
အမှတ်တရကတော့ မရှိပါဘူး။ အဓိကက ကလောမှာသွားရိုက်တဲ့နေ့ကစပြီး တောက်လျှောက်ဖျားတာပါပဲ။ အဲ့ဒါကတော့ အမှတ်တရပေါ့နော်။ ပြန်လာတဲ့နေ့အထိပဲ။ အိပ်မက်မြစ်ကတော့ အချစ်လည်းပါတယ်၊ ဆာဆပန့်လည်းပါတယ်ပေါ့နော်။ ကာရိုက်တာကတော့ နည်းနည်းလေးထူးခြားတယ်ပေါ့နော်။ ပြီးတော့ ဇာတ်လမ်းလည်းထူးခြားတယ်။ အားလုံးကြိုက်နှစ်သက်ကြမှာ ပါ။
အကယ်ဒမီနဲ့ပတ်သက်ပြီး
ကစ်အမြဲတမ်းပြောသလိုပါပဲ။ အကယ်ဒမီကတော့ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ ပရိသတ်တွေကတော့ ရစေချင်ကြတယ်ပေါ့နော်။ ကစ်ကတော့လည်း ပေးရင်တော့ပျော်မှာပေါ့နော်(ရယ်လျက်)။
မြက်နု ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး
အခုအရွယ်နဲ့ ကလေးကာရိုက်တာလုပ်ရတော့ ကိုယ့်အတွက်က နည်းနည်းတော့ အားထုတ်ရတာပေါ့နော်။ ဇာတ်ညွှန်းဆရာကလည်း ကစ်နဲ့လိုက်တယ် ကစ်ရိုက်ပါဆိုလို့ ရိုက်ဖြစ်သွားတာပေါ့နော်။ ဒါပေမယ့်ပျော်ဖို့ကောင်းပါတယ်။ ပရိသတ်တွေလည်း ကြိုက်တယ်ဆိုတော့ ကစ်ပျော်ပါတယ်။ ကိုယ်တွေလည်း ကြိုးစားရကျိုးနပ်တယ်ပေါ့နော်။ ဒါပေမယ့် မြက်နုလိုမျိုး ကာရိုက်တာထပ်ပြီးတော့ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်မယ်ပေါ့ နော်။ လောလောဆယ်တော့ မရိုက်ဖြစ်လောက်သေးဘူးပေါ့နော်။
ပရိသတ်အတွက်စကားလက်ဆောင်
ဒီနေ့ ကစ်က MAC Cosmetics ကောင်တာဖွင့်ပွဲ Junction city ကိုရောက်နေတယ်ပေါ့နော်။ ခုနက ပြောသလိုပဲ တကယ့်ကို MAC မှာ နှုတ်ခမ်းနီတွေကော အိုင်ရှဲလ်ဒိုးတွေကော ဖောင်ဒေးရှင်းတွေကော အရောင်စုံအကုန်လုံး ရွေးစရာတွေအများကြီးနဲ့ ဈေးကလည်း သက်သက်သာသာတန်တဲ့အတွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ အားလုံးကိုကျေးဇူးတင်ပါတယ်။