ကိုယ့်ကိုအရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောကြတော့ ဘယ်လိုခံစားရလဲ
အရမ်းကိုပျော်တာပေါ့နော်။ အဲ့လိုစကားမျိုးကြားတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ တစ်ချို့က ထိပ်ထိပ်ကို Kittပုံစံနဲ့လိုက်တယ်လို့ပြောကြတယ်။ အဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။
ဝေဖန်မှုတွေဘယ်လိုခံစားရလဲ
ပထမကတော့ အရမ်းနာသွားတာပေါ့နော်။ ကိုယ့်ကို ပြောတဲ့ဟာက စာပိုဒ်လောက်ပြီးပြောတော့ ကိုယ်လည်းအံ့သြမိတယ်ပေါ့နော်။ ဟယ် ငါများသူတို့ကို ဘာလုပ်မိလို့လဲပေါ့နော်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ထိပ်ထိပ်နားလည်ပေးလိုက်ပါတယ်။ အပြောမခံရတဲ့သူဆိုတာ မရှိဘူးပေါ့နော်။ ဖေဖေကတော့ ငါ့သမီးလေးစိတ်ထဲမထားဖို့ကိုပြောတယ်။ မေမေကကျတော့ ခံနိုင်ရည်ရှိအောင်ပြောတယ်ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် Support လုပ်တာကတော့မတူဘူးပေါ့နော်။
တစ်ကိုယ်လုံးမှာ ဘယ်အစိတ်အပိုင်းကို ကြိုက်လဲ
နှာတံပေါ့နော်။ ဖေဖေကပြောတာကတော့ အပိုလို နှာခေါင်းလို့ပြောတယ်(ရယ်လျက်)။ အဲ့ဒါဖေဖေပြောတာနော်။
ချစ်ပရိသတ်ကြီးကိုပြောပြချင်တဲ့စကားလက်ဆောင်
ထိပ်ထိပ်တို့ တစ်မိသားစုလုံးကို အားပေးကြတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။