နိုဝင်ဘာ ၆ရက်နေ့က သမာဓိရွှေဆိုင်ရဲ့ သုံးဆိုင်မြောက်ဆိုင်ဖွင့်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ အမှတ်(၅၀၂)၊ ပန်းဘဲတန်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆိုင် ဖွင့်ပွဲမှာ တက်ရောက်ခဲ့တဲ့ခြူးလေးနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> သမာဓိရွှေဆိုင်သစ်ဖွင့်ပွဲတက်ရောက်ဖြစ်တာနဲ့ပတ်သက်ပြီး
သမာဓိရွှေဆိုင်က ခြူးလေးတို့နဲ့မစိမ်းတဲ့ဆိုင်ပါ။ အမြဲတမ်းကြားဖူးနေတဲ့ဆိုင်တစ်ဆိုင်ပါ။ အခု ဆိုင်ခွဲ အသစ်တွေဖွင့်လှစ်နိုင်ပြီ။ နောက်ထပ် ဆိုင်ခွဲတွေအများကြီးဖွင့်လှစ်နိုင်ပြီးတော့ ရေရှည်တည်တံ့ အောင်မြင်နိုင်ပါစေလို့ ခြူးလေးဆုတောင်းပေးပါတယ်။
ရွှေနဲ့ပတ်သက်ပြီးစုဆောင်းဖြစ်တာ ဆွဲကြိုးသေးသေးလေးနဲ့လော့ကတ်သီးလေးတွေပါ။ လက်စွပ်က တော့ ပုံမှန်ဝတ်ဖြစ်တယ်။ လူကြီးသူမတွေကို ရွှေထည်တွေနဲ့တော့ မကန်တော့ဖြစ်ဘူး။ Fan တွေကို တော့ တစ်ရှူးလက်ကောက်လေးတွေ လက်ဆောင်ပေးထားပါတယ်။ ရွှေနဲ့ပတ်သက်ပြီးအမှတ်တရ က ငယ်ငယ်တုန်းက မောင်းကွင်းလေးနှစ်ကွင်းကို မေမေက ဆင်ပေးထားတယ်။ လေးတန်းကျောင်း သူအရွယ်ရောက်လာတဲ့အချိန်မှာ လက်စွပ်က ချွတ်လို့မရတော့ဘူး။
လူကြီးတွေက ချွတ်မရဘူးဆိုရင် လက်ချောင်းဖြတ်ရတော့မယ်ဆိုပြီးခြောက်တော့ ကြောက်ပြီးငိုလိုက်ရတာ။ နောက်မှ ကတ်ကြေးနဲ့ထိုး ပြီး ဖြတ်လိုက်တာပါ(ရယ်လျက်)။ အဲဒီမောင်းကွင်းလက်စွပ်လေးကလည်း ကံမကောင်းစွာနဲ့ပျောက် သွားခဲ့တယ်။ ကိုယ့်မိဘရဲ့အမွေပစ္စည်းနားကပ်ထဲကကျောက်လေးနဲ့ကိုယ့်ရဲ့အနုပညာကြေးကို ပေါင်း ပြီးလက်စွပ်လေးလုပ်ပေးထားတာ တစ်နှစ်တိုင်းမခံဘဲပျောက်သွားတာဆိုတော့ တော်တော် ခံစားခဲ့ ရတယ်။
>>> လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး
ပွဲတက်တယ်။ ကြော်ငြာတွေရိုက်ကူးနေပါတယ်။ ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းထားတာတွေ ရှိတယ်။ ခြူးလေး သေချာရင် ပြန်ပြီးပြောပါမယ်။ နယ်တွေမှာ ပရိသတ်တွေနဲ့အမြဲတမ်းထိတွေ့ခွင့်ရ တယ်။ ရန်ကုန်မှာတော့ရှားတယ်။ ဒါပေမဲ့ ချစ်ကြတယ်။ ဇာတ်လမ်းတွဲထဲက ကိုယ်တွေရဲ့ကာရိုက် တာတွေကို သူတို့ကတစ်ယောက်မကျန်လိုက်မှတ်ပြီး ချစ်တာကိုမြင်ရတဲ့အတွက် တကယ်ကိုအားရ ပါတယ်။ နောက်ထပ်ကြိုးစားဖို့အင်အားတွေလည်းရပါတယ်။
>>> ပရိသတ်အတွက်စကားလက်ဆောင်ကိုတော့
သမာဓိရွှေဆိုင်က ဒီဇိုင်းစုံပြီးလက်ရာသေသပ်တဲ့အတွက် ပရိသတ်တွေကို လာရောက်အားပေးဖို့ ခြူး လေးဖိတ်ခေါ်ချင်ပါတယ်။