နိုဝင်ဘာ ၄ရက်နေ့က ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကား Red Carpet Show ကို သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကိုတက်ရောက်အားပေးခဲ့တဲ့ သဇင်ထူးမြင့်နဲ့ တွေ့ဆုံမေးမြန်းခဲ့ တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားနဲ့ပတ်သက်ပြီး
ဒီဇာတ်ကားမှာ မအူဝဲရဲ့ကာရိုက်တာကို တစ်ခါမှမမြင်ဖူးဘူး။ အမေမြင့်မိုရ်ရဲ့ကာရိုက်တာလည်း ဆန်းတယ်။ အဖေ့ရဲ့ကာရိုက်တာကလည်း ကျောင်းဆရာဆိုတော့ အမြင်ဆန်းနေတယ်။ သဘောကျ မိပါတယ်။ လူငယ်တွေအများကြီးပါဝင်ပြီး ညီမသဘောကျတဲ့သူတွေပါတဲ့အတွက် အရမ်းကြည့် ကောင်းမယ့်ဇာတ်ကားပါ။
>>> လတ်တလောအနုပညာလှုပ်ရှားမှုကိုတော့
ဆုံဆည်းခွင့်ဇာတ်လမ်းတွဲ ရိုက်ကူးနေပါတယ်။ သွက်သွက်လက်လက်ကောင်မလေးတစ်ယောက် ကာရိုက်တာအနေနဲ့ မြင်တွေ့ကြရမှာပါ။ ရိုက်ကွင်းပေါ်ရောက်ရင် ကာရိုက်တာရဲ့မုဒ်ဝင်သွားတဲ့အ တွက် အခက်အခဲတော့ မရှိပါဘူး။ နောက်ထပ်ဇာတ်လမ်းတွဲရိုက်ကူးဖို့ ရှိပါတယ်။ ပထမထွက်ပြီးသားသီချင်းရဲ့အဆက်ပုံစံလေး ထွက်မှာပါ။ မသေချာသေးပါဘူး။ အဲဒီသီချင်းမှာ ညီမ သရုပ်ဆောင်ထားတာပါ။ အဆိုပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့အတွက် မဆိုပါ ဘူး(ရယ်လျက်)။
>>> ပရိသတ်အတွက်စကားလက်ဆောင်ကိုတော့
ညီမကို ချစ်ပေးကြတဲ့ပရိသတ်တွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။