အစ္စဏီ ထောင် ကျသွားတဲ့ အမှုနဲ့ပတ်သက်ပြီး စူးရှထက်ပြန်လည်ဖြေရှင်းပြီ>>>
အမှုနဲ့ပတ်သက်ပြီး စူးရှက ကျေအေးပေးခဲ့တာ အကုန်သိပြီးသားဖြစ်မှာပါ။တရားရုံးမှာနှစ်ဖက်ရှေ့နေလက်မှတ်ထိုးရပါတယ်။တရားသူကြီးကလည်း ကျေအေးပေးမယ်ဆိုတာသေချာလားလို့ နှစ်ခါသုံးခါမေးပါတယ်။သေချာပြီဆိုမှလက်မှတ်ထိုးခဲ့တာပါ။
ကျေအေးပေးခဲ့တဲ့လက်မှတ်ထိုးခဲ့တဲ့အလွှာကိုမီဒီယာတွေရှေ့မှာပါ စူးရှပြခဲ့ပါတယ်။ကျေအေးပြီးပြီဆိုတော့ စူးရှလည်းတရားရုံးလည်းမသွားတော့ဘူး။ဒီကိစ္စတွေလည်းဘာမှမသိတော့ ဘူး။လွန်ခဲ့တဲ့ရက်ပိုင်းကမှ စူးရှကိုဖုန်းတွေဆက်ကြတယ်ဒီလိုဒီလိုပဲဖြစ်ခဲ့တယ်ဆိုမှစူးရှသိရတာ။
ခုသတင်းတွေထွတ်နေတာက စူးရှရဲ့ ကျေအေးလွှာက အကျုံးမဝင်ပါဘူးလို့သတင်းတွေထွတ်နေတယ်။စူးရှပြောချင်တာက ဒီကျေအေးလွှာသည် အကျုံးဝင်လို့တရားသူကြီးရှေ့မှာလက်မှတ်ထိုးခဲ့တာပေါ့ ။အကျုံးမဝင်ရင်စူးရှကိုလာပြောရမှာပေါ့ ခုတော့ဘာမှလာမပြောကြပါဘူး။
ဘေးနားက သွေးမတော်သားမစပ်တဲ့ သူတွေတောင် စိတ်မကောင်းဖြစ်ကြသေးတာပဲ စူးရှက သူနဲ့ပတ်သက်ခဲ့တဲ့ သူပါစိတ်မကောင်းဖြစ်ရပါတယ်။ သူ့ကိုလည်းလွတ်စေချင်ပါတယ်။လွတ်စေချင်လု့ိလည်းစူးရှကျေအေးပေးခဲ့တာပါ။
အခုဖြစ်နေတာတွေကတရားရုံးကအမိန့်ချတာပါ စူးရှနဲ့မအပ်စပ်ပါဘူးလို့ ဖွင့်ဟလာတဲ့ စူးရှထက်>>>>