Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Interview

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

>>> နှစ်သစ်ကူးအစီအစဉ်တွေနဲ့ပတ်သက်ပြီး
ခရီးသွားဖြစ်မလားမသိဘူး။ ရေအရမ်းကြိုက်တော့ နှစ်သစ်ကူးမှာ ကမ်းခြေကိုသွားဖြစ်တာများတယ်။ အရမ်းပျော်တယ်။ ရေကိုမြင်လိုက်တာနဲ့ စိတ်ဖိစီးမှုမရှိတော့ဘူး။ နှစ်သစ်မှာ ပရိသတ်တွေအားလုံး ပျော်ရွှင်ကြပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။ အားလုံးပဲလိုအင်ဆန္ဒပြည့်စုံကြပါစေ။


>>> ပန်းတစ်ပွင့်သာဖြစ်ခဲ့ရင်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး
ဇာတ်ကားကို မကြည့်ရသေးဘူး။ ရိုက်ကူးခဲ့တာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်သုံးနှစ်လောက်ကဆိုတော့ စိတ် ပူတယ်။ ကြည့်ပြီးသွားတဲ့ ဒါရိုက်တာနဲ့တချို့သူတွေကတော့ ကောင်းတယ်လို့ပြောကြတယ်။ အဲဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး ရင်ခုန်နေပါတယ်။ ဇာတ်ကားက ကြိုတင်ပြင်ဆင်မှုကောင်းခဲ့တယ်။ အချစ် ဇာတ်ကားကို ပရိသတ်တွေကြိုက်မယ်လို့ထင်ပါတယ်။ ပါဝင်ထားတဲ့သရုပ်ဆောင်တွေအကုန်လုံး လည်း စိတ်နှစ်ပြီးတော့ သရုပ်ဆောင်ထားကြပါတယ်။ အချစ်ဇာတ်ကားကြိုက်တဲ့သူတွေ ကြိုက်ကြ မှာပါ။ ၂၀၂၀ပြည့်နှစ်မှာလည်း ကမ်းလှမ်းထားတဲ့ဇာတ်ကားတွေအများကြီးပါ။ ရိုက်ကူးခါနီးကျရင် သေချာပြန်ပြောပါမယ်။
>>> ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး
ဇာတ်လမ်းတွဲကတော့ အရမ်းကိုတာဝန်ကြီးပါတယ်။ စုဖုရားလတ်နေရာမှာသရုပ်ဆောင်ရမှာဆိုတော့ သေချာပြင်ဆင်မှရမှာပါ။ ဇာတ်ကောင်နဲ့ကစ်နဲ့မလိုက်လည်း အကောင်းဆုံးကြိုးစားသွားမယ်။ ကစ်က စိန်ခေါ်မှုတွေကို ပိုပြီးကြိုက်တယ်။ ကိုယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်မှာ သရုပ်ဆောင်ရတာပိုပြီးပျော်ပါ တယ်။ ပိုပြီးလည်းရင်ခုန်ပါတယ်။ အခုတော့ ပြင်ဆင်နေပါတယ်။ အဆင်သင့်တော့မဖြစ်သေးပါဘူး။
>>> လိပ်ပြာစံအိမ်ဇာတ်ကားနဲ့အကယ်ဒမီရမယ်လို့မှန်းထားကြတဲ့အပေါ်မှာတော့
ရစေချင်တဲ့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ Asia Creative Award မှာ ဆန်ခါတင် စာရင်းပါဝင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ကိုယ့်မြန်မာနိုင်ငံအတွက်ရော ဇာတ်ကားအတွက် ပါ အရမ်းဂုဏ်ယူမိပါတယ်။ အကယ်ဒမီကတော့ ရတာမရတာတစ်ကဏ္ဍပေါ့။ ကစ်ကတော့ ဒီနှစ် လည်း ဘာမှမမျှော်လင့်ထားပါဘူး(ရယ်လျက်)။ အစကတည်းက အကယ်ဒမီကိုရည်ရွယ်ပြီး ရိုက်ကူး ခဲ့တာမဟုတ်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကိုယ့်ရဲ့ကာရိုက်တာ ကို ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်ခဲ့တယ်။ ပရိသတ်တွေကျေနပ်ရင်ပဲ တော်တော်ကျေနပ် စရာကောင်းနေပါပြီ။ ပရိသတ်တွေအားပေးကြတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ ကစ်ကစ်တင် မဟုတ်ပါဘူး။ လိပ်ပြာစံအိမ်ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရော သရုပ်ဆောင်တွေနဲ့ ပြည့်ပြည့် လေးကိုပါအားပေးကြတော့ သူတို့အတွက်လည်း ပီတိဖြစ်မိပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒီဇင်ဘာလ ၂၁ရက်နေ့က ပြည့်စုံသျှင်စိန်ရွှေရတနာဆိုင် ဆိုင်အမှတ်(၂)ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် မြို့ရှိ Time City, Jewelry Mall, Second Floor မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ ပိုင်တံခွန်နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက် ပါတယ်။
>>> လာမယ့်နှစ်သစ်ရဲ့ အနုပညာအလုပ်တွေကိုတော့
လာမယ့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ Schedule အကုန်ပြည့်သွားပါပြီ။ အစီအ စဉ်တွေအကုန်ပြည့်သွားပြီ။ အခု Plan ဆွဲနေတာ ၂၀၂၁ခုနှစ်အတွက်ပါ။ လောလောဆယ်တော့ ပြည်ပကဇာတ်ကားတွေမှာ ဒီဆံပင်ရှည်နဲ့ပဲ ရိုက်ကူးဖို့လက်ခံထားပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒီဇင်ဘာလ ၂၀ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ရရှိခဲ့တဲ့ ဖုန်းသီရိကျော်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ညီမဘွဲ့ယူပြီးသွားပါပြီ။ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်သင်ကြားနေတာ ပြီးသွားပါပြီ။ ညီမ ငါးနှစ်တက်ခဲ့ရပါတယ်။ ကျောင်းသားဘဝကတော့ အတန်းလစ်လိုက်နဲ့ တန်ဖိုးမထားဖြစ်ဘူး။ နောက်ဆုံးနှစ် Second Semester လောက်မှ ငါကျောင်းပြီးတော့မှာပါလား သုံးလလောက်ပဲလို တော့တယ်ဆိုပြီး ကျောင်းကို လွမ်းပြီး မှန်မှန်တက်ဖြစ်ခဲ့တယ်။ အမှတ်တရတွေကတော့ အများကြီးပါ။ ဥပဒေဘွဲ့နဲ့အလုပ်လုပ်ဖို့အစီအစဉ်တွေတော့ရှိပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပြီး ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ သူရိယ၊ ခင်လှိုင်၊ ညီနန္ဒာ၊ ခိုင်သင်း ကြည်၊ ယုသန္တာတင်၊ မေကြည်၊ မေသဉ္စာဦးနှင့်အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရည်းစားတစ်ခု လပ်များ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၁၂ရက်နေ့ကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ တွင် ပြသလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ယုသန္တာတင် နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရည်းစားတစ်ခုလပ်များဇာတ်ကားနဲ့ပတ်သက်ပြီး
ဒီဇာတ်ကားထဲမှာ ပရမ်းပတာနိုင်တဲ့စာရေးဆရာမကာရိုက်တာနေရာမှာ ပါဝင်ထာပါတယ်။ ကိုယ့်ရဲ့ ရည်းစားနဲ့အမြဲတမ်းကတောက်ကဆဖြစ်ပြီး အလွဲလေးတွေဖြစ်တဲ့ပုံစံပါ။ ဒါရိုက်တာခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးခဲ့ပါတယ်။ ဇာတ်ကားမရိုက်ကူးခင်မှာ သရုပ်ဆောင်တွေအားလုံး စနောက်ပြီး ပျော်ရွှင် နေကြတာဆိုတော့ အမှတ်တရဖြစ်ပါတယ်။ ရယ်လို့ဝကြမှ ဇာတ်ကားကိုရိုက်ကူးတာပါ(ရယ်လျက်)။ ဒီဇာတ်ကားက ရယ်ရမယ်ဆိုတာ အာမခံပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပြီး ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ သူရိယ၊ ခင်လှိုင်၊ ညီနန္ဒာ၊ ခိုင်သင်း ကြည်၊ ယုသန္တာတင်၊ မေကြည်၊ မေသဉ္စာဦးနှင့်အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရည်းစားတစ်ခု လပ်များ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၁၂ရက်နေ့ကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ တွင် ပြသလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဇာတ်ကားအထူးပွဲကို တက်ရောက်ခဲ့တဲ့သွန်းဆက်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ရည်းစားတစ်ခုလပ်များဇာတ်ကားနဲ့ပတ်သက်ပြီး
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဇာတ်ကားဆိုတော့ ပြောစရာမလိုတော့ပါဘူး။ မခိုင်လေး၊ ယုနဲ့ တခြားအနုပညာရှင်တွေအများကြီးပါတဲ့အတွက် သွက်သွက်လက်လက်လေးနဲ့ ပရိသတ်တွေပျော်ရွှင် ရမယ့်ဇာတ်ကားလို့ မြင်ပါတယ်။ ဟာသဇာတ်ကားကြည့်ရင် စိတ်က Relax ဖြစ်ပါတယ်။

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2020 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live