Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Interview

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သြဂုတ်လ ၉ရက်နေ့က Women’s Power အခမ်းအနားပွဲကို တက်ရောက်ဆွေးနွေးခဲ့တဲ့ သရုပ် ဆောင်ခင်ဇာခြည်ကျော်နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
>>> Single Mother တွေနဲ့ ပတ်သက်ပြီး
ဒီပွဲရဲ့ခေါင်းစဉ်က အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်နိုင်တဲ့သူတွေပေါ့။ အစ်မအနေနဲ့ အနုပညာရှင်တစ် ယောက်ဖြစ်သလို Single Mom လည်းဖြစ်တယ်။ ကလေးနှစ်ယောက်လည်း မားမားမတ်မတ်ရပ်တည် နိုင်တဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့စွမ်းဆောင်နိုင်မှုဆိုတဲ့အပေါ်မှာ အစ်မနဲ့ရွယ်တူတန်းတူတွေ ရော ရွယ်မတူတန်းမတူတွေရောအတွက် တက်ရောက်မျှဝေပေးဖြစ်တာပါ။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သြဂုတ်လ၉ရက်နေ့က မြန်မာလုံခြည်ကြော်ငြာရိုက်ကူးနေတဲ့ အဆိုတော်ဖြိုးမြတ်အောင်နဲ့တွေ့ဆုံမေး မြန်းဖြစ်ခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> လုံခြည်ကြော်ငြာရိုက်ကူးမှုနဲ့ပတ်သက်ပြီး
လုံခြည်ကြော်ငြာကို မအေးသောင်းနဲ့အတူတူရိုက်ကူးနေတာပါ။ ဒါရိုက်တာက ကိုနိုင်ပါ။ ကိုယ်အရမ်း ကြိုက်ရတဲ့အနုပညာရှင်မအေးသောင်းနဲ့ရိုက်ကူးရတာ အရမ်းမိုက်ပါတယ်။ မြန်မာဝတ်စုံဝတ်ရတာ ကျက်သရေရှိပါတယ်။ မိန်းကလေးတွေ မြန်မာဆန်ဆန်ဝတ်ထားတာမြင်ရတာ အရမ်းကျက်သရေရှိပါ တယ်။ မအေးသောင်းကို ကျွန်တော်ကလေးဘဝကတည်းက သိခဲ့တယ်။ နောက်ပိုင်းပျောက်သွားပြီးမှ အေးသောင်းဆိုတဲ့နာမည်နဲ့ပြန်ပေါ်လာတယ်။ အခုနောက်ပိုင်း သူမြန်မာဆန်ဆန်လေးတွေဝတ်ရင် သတိထားမိတယ်။ ကြော်ငြာရိုက်တာတွေလည်း တွေ့ရတယ်။ အရမ်းကြည့်ကောင်းပါတယ်။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သြဂုတ်လ ၉ရက်နေ့က ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဆိပ်ကမ်းမှာ သရုပ်ဆောင်ဖွေးဖွေးရဲ့ အသက်(၃၁နှစ်)ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘဲဥသီးစုံပဲကုလားဟင်းစတုဒိသာအလှူကို Fanတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအလှူပွဲမှာ မွေးနေ့ရှင်သရုပ်ဆောင်ဖွေးဖွေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မွေးနေ့အလှူပွဲနဲ့ပတ်သက်ပြီး
ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ မွေးနေ့မှာအတူနေခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ မနေ့က မော်လမြိုင် ရောက်နေတဲ့အတွက် အိမ်မှာ ဖွေးရဲ့Fan တွေ ဝိုင်းကူပြီးလာလုပ်ပေးကြတယ်။ အားလူး၊ မုန်လာဥနဲ့ ပဲသီးတွေ အကုန်လှီးပေးသွားကြတယ်။ ဘဲဥသီးစုံပဲကုလားဟင်းကို အဖေနဲ့အမေချက်တာပါ။ ဖွေး ကို အခုလိုလုပ်ပေးတာက ဖွေးအတွက် မွေးနေ့လက်ဆောင်ပါပဲ။ အမေက ပတ္တမြားလက်ကောက်ပေး တယ်။ မော်လမြိုင်ကပေးလိုက်တဲ့ လက်ဆောင်တွေကိုတော့ မဖောက်ရသေးဘူး။ မော်လမြိုင်က ရေ ကြီးနေတာ အမြန်ဆုံးပုံမှန်အတိုင်းပြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဧည့်သည်သီချင်းMTVနဲ့ပတ်သက်ပြီး အဆိုတော်ဆိုဖီယာနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Jouranl ပရိသတ် တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ဧည့်သည်သီချင်း MTV နဲ့ပတ်သက်ပြီး
ဧည့်သည်သီချင်းMTV ထဲမှာ အနုပညာရှင်သုံးယောက်ပါတယ်။ Result ကိုလည်း တော်တော် လေးကြိုက်ပါတယ်။ Kissing အခန်းတွေလည်းပါခဲ့တဲ့အတွက် ယောကျ်ားလေးဖက်ကနေကြည့်ရင် ဆိုဖီကိုထိတယ်။ နင်ဇီကိုထိတယ်ဆိုပြီးပြောကြတယ်။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

7th Sense Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်ရိုက်ကူးမည့် ‘စစ်ကား’ရုပ်ရှင်ဇာတ် ကားကန်တော့ပေးပွဲကို သြဂုတ်လ ၇ရက် နံနက် ၇နာရီက ရွှေတိဂုံစေတီတော်အောင်မြေ၌ ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ဗဟန်းမြို့နယ်ရှိ အမ်သရီးစားသောက်ဆိုင်မှာ ကျင်းပခဲ့သည်။ အဆိုပါ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့် နွယ်ဒါလီထွန်းနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> စစ်ကားဇာတ်ကားနဲ့ပတ်သက်ပြီး
ဒီဇာတ်ကားထဲမှာ ညီမက ရွာသူဖြစ်ပြီး ကိုနေတိုးရဲ့ကောင်မလေးနေရာက သရုပ်ဆောင်ရမှာပါ။ ဒီဘက်ခေတ်မဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ခေတ်ကိုပြန်သွားမယ်ဆိုတော့ ဆံပင်ပုံစံတွေပြောင်းရမယ်။ အဝတ်အစားပိုင်းကို Production ဘက်က တာဝန်ယူပေးထားတာဖြစ်တဲ့အတွက် အဝတ်အစားကို စိတ်ပူစရာမလိုတော့ဘူး။

Tags: ,
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live