Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Interview

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

7th Sense Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်ရိုက်ကူးမည့် ‘စစ်ကား’ရုပ်ရှင်ဇာတ် ကားကန်တော့ပေးပွဲကို သြဂုတ်လ ၇ရက် နံနက် ၇နာရီက ရွှေတိဂုံစေတီတော်အောင်မြေ၌ ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ဗဟန်းမြို့နယ်ရှိ အမ်သရီးစားသောက်ဆိုင်မှာ ကျင်းပခဲ့သည်။ အဆိုပါ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်ဗိုနဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> စစ်ကားဇာတ်ကားနဲ့ပတ်သက်ပြီး
စစ်ကားဇာတ်ကားမှာ ကျွန်တော့်ရဲ့ကာရိုက်တာက သူငယ်ချင်းတွေထဲမှာ တုံးတိုက်တိုက်ကျားကိုက် ကိုက်နဲ့ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ရှိတဲ့လူတစ်ယောက်နေရာက ပါဝင်ထားပါတယ်။ ရွှေမန်းတို့နဲ့ ဇာတ်လမ်းကို ကျွန်တော်စကားပြောဖြစ်ပြီး ကိုပေါက်ကို ဇာတ်ညွှန်းခွဲခိုင်းရင်းနဲ့ ရိုက်ဖြစ်သွားတာပါ။

Tags:
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သြဂုတ်လ ၄ရက်နေ့က ‘နိုင်ငံကြီးသား’ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ရာ အဆိုပါဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေထက်လင်းနှင့် တွေ့ဆုံမေးမြန်းခဲ့တာ တွေကို Sunday Journal ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
>>> နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး
ဒီဇာတ်ကားမှာ ကာရိုက်တာအဆန်းပေးထားတဲ့အတွက် ကျွန်တော့်အတွက် တာဝန်အရမ်းကြီးပါ တယ်။ အိုက်တင်မကောင်းဘဲ ချော်သွားရင် ကျွန်တော်အဆဲခံရမှာပါ။ အိုကေသွားရင်တော့ ကျွန် တော်လက်မထောင်လို့ရတာပေါ့။ ကျွန်တော့်အတွက် နောက်ထပ်ဇာတ်ကားတွေ လာမှာပေါ့။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သြဂုတ်လ ၄ရက်နေ့က Eliza ရဲ့ 2nd Year Anniversary Reward Sales Event ကို တက်ရောက် လာတဲ့ သရုပ်ဆောင်မိုးဟေကိုနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ပွဲတက်ရောက်ဖြစ်ပုံနဲ့ပတ်သက်ပြီး
လွန်ခဲ့တဲ့နှစ်နှစ်က စမ်းချောင်းကဆိုင်ကို ပထမဦးဆုံးဖိတ်တယ်။ အဲဒီကတည်းက ကြိုက်နှစ်သက်ခဲ့ပြီး Skin Care တွေကိုလည်း သုံးဖြစ်ပါတယ်။ အခုနောက်ပိုင်း Skin Care တွေ အရမ်းကို ခေတ်စားလာကြပြီ။ ဒီနှစ်နှစ်အတွင်းမှာ အောင်မြင်မှုတွေ အများကြီးရပြီး ဆိုင်တွေလည်း အများကြီး ဖွင့်လာနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဆက်ပြီးလည်း အောင်မြင်မှုတွေ အများကြီးရရှိဦး မယ်လို့ ယုံကြည်ပါတယ်။ ဒီဆိုင်ကိုလည်း အားပေးကြပါ။ လေ့လာကြပါလို့ ဖိတ်ခေါ်ပါတယ်။

Tags: ,
Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

Cannon မော်ဒယ်လ်အသစ်အတွက် ဒါရိုက်တာပန်းချီစိုးမိုးနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးနေတဲ့ J Naw နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> ကြော်ငြာဓာတ်ပုံရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး
ပြည်သူတွေလေးစားချစ်ခင်ရတဲ့ ဒါရိုက်တာပန်းချီစိုးမိုးရဲ့ကမ်းလှမ်းမှုကြောင့် Cannon ရဲ့ ကင်မရာ အသစ်မိတ်ဆက်တဲ့ Photo Shootingကို လက်ခံရိုက်ကူးဖြစ်တာပါ။ အဓိကက နော်လေးတို့က မော်ဒယ်လ်ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းအတွေ့အကြုံမရှိဘူး။ ဒါပေမဲ့ ဆရာကစိတ်ရှည်ရှည်နဲ့ သင်ပေးတယ်။ ဆရာ့ဆီကနေ ပညာတွေအများကြီးရခဲ့တယ်။ ဆရာက ပညာတွေ အများကြီးသင်ပေး ခဲ့ပါတယ်။ျ နော်လေးက သရုပ်ဆောင်တစ်ယောက်မဟုတ်တဲ့အတွက် အိုက်တင်ပိုင်းကို နားမလည် ဘူး။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မိတ်ကပ်လောဝ်ခမ်းရဲ့သင်တန်းဆင်းပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုတော်ချောငယ်နဲ့တွေ့ဆုံမေးမြန်း ခဲ့တာတွေကို Sunday Journal ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
>>> မိတ်ကပ်လောဝ်ခမ်းရဲ့သင်တန်းဆင်းပွဲတက်ရောက်ဖြစ်ပုံကိုတော့
သင်တန်းဆင်းပွဲမှာပါဖြစ်တာက အနုပညာအလုပ်တွေစပြီးလုပ်ကတည်းက လက်တွဲဖြစ်လာတယ်။ အခုချိန်ထိလည်း အလုပ်တွေတူတူလုပ်နေပါတယ်။ ချောငယ်ရဲ့ညီမလေးကလည်း သူ့ဆီမှာ သင်တန်းတက်နေတယ်။ ဒီသင်တန်းဆင်းပွဲမှာ သီချင်းဖျော်ဖြေပေးပါဆိုလို့ ပွဲတက်ဖြစ်တာပါ။

Tags:
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live