Sunday Online Media တွင် စီးပွားရေးလုပ်ငန်းကြော်ငြာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကြော်ငြာကိစ္စရပ်များအတွက် ဆက်သွယ်ရန် ဖုန်း 09253548008 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Life Style

မြေစာဥပူတင်း လေးလုပ်စားရအောင်

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မြေစာဥပူတင်း
ပြင်ဆင်ချိန်- ၁၅ မိနစ်
ပြုလုပ်ချိန်- ၂၀ မိနစ်
လူ- ၄ ဦးစာ
ပါဝင်ပစ္စည်းများ
မြေစာဥ- ၁၄၀ ဂရမ် (ပါးပါး လှီးထားပါ)
သကြား- ၃၅၀ ဂရမ်
ဆန်မှုန့်- ၇၅ ဂရမ်
ပီလောပီနံမှုန့်- ၃၀ ဂရမ်
ရွှေချီမှုန့် (စားပွဲတင်ဇွန်း ၂ ဇွန်း)
ရေသန့်- ၅၀ဝ လီတာ
ဆွမ်းမွှေးရွက်- ၁၀ဝ ဂရမ် (လှီးဖြတ်ထားပါ+ ရေသန့် ၁.၂၅ လီတာ) နှစ်လက်မအရွယ်ခဲပတ် ခွက်ငယ်များ)


အပေါ်ယံခရမ်အတွက်
အုန်းနို့ (အပျစ်နှစ်ခွက်ခွဲ၊ ရေခွက်တစ်ဝက်)
ဆန်မှုန့်- (ခွက်တစ်ဝက်)
ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)


ပြုလုပ်ပုံ
အိုးတစ်လုံးထဲသို့ ရေနှင့် သကြားထည်းပြီးကျိုပါ။ ဆူပွက် လာပါစေ။ အဝတ်သန့်ဖြင့် စစ်ယူ ပြီး အအေးခံထားပါ။ ဆွမ်းမွှေး ရွက်ကိုရေ ၁၂၅ မီလီလီတာနှင့် အတူမွှေစက်ဖြင့် ကြေအောင်မွှေ ပါ။ အဝတ်သန့်ဖြင့်စစ်ထားပါ။ ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ရွှေချီ မှုန့်တို့ကို ဒယ်အိုးတစ်ခုထဲသို့ ရောထည့်ကာ ရေသန့်နှင့် ဆွမ်း မွှေးရွက်အရည်ကို ဖြည်းဖြည်းချင်း ထည့်ကာ သမအောင်မွှေပေးပါ။ သကြားရည်ထည့်ပြီးမွှေပါ။ ယင်းကို မီးနွေးနွေးဖြင့် အရည်ပျစ် လာ အောင်ကျိုပါ။ မြေစာဥများထပ် ထည့်ပြီး နှံ့စပ်အောင်မွှေပေးပါ။ ဒယ်အိုးကို မီးဖိုမှချပါ။ အနှစ်ရည် များကို ခဲပတ်ခွက်ငယ်များထဲသို့ ဖြည့်ပါ။
အပေါ်ယံခရင်မ်အတွက် အုန်းနို့၊ ဆန်မှုန့်၊ ဆားတို့ကိုဒယ်အိုး တစ်လုံးထဲထည့်ပြီးကျိုပါ။ ဆူလျှင် မီးလျှော့ပြီး ပွက်အောင်တည်ပါ။ မီးဖိုမှချပြီး ပူတင်းထည့်ထားသော ခွက်များထဲသို့ အပေါ်ယံမှလောင်း ထည့်ပါ။ မအေးမီမြန်မြန်လုပ်ပါ။ အေးခဲသွားလျှင် မြေစာဥပူတင်းရပါ ပြီ။


ဝက်ကျောက်ကပ်ချိုချဉ်လေးလုပ်စားရအောင်

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

 

foood-(1).jpg

 

 

 

 

 

 

 

၀က်ဝက်ကျောက်ကပ်ချိုချဉ်
ပြင်ဆင်ချိန် ၁၅ မိနစ်
ပြုလုပ်ချိန် ၁၅ မိနစ်
လူ ၂ ဦးစာ


ပါဝင်ပစ္စည်းများ
ဝက်ကျောက်ကပ် - ၂၀ ကျပ်သား (အတုံးတုံးပြီးမွှန်းထားပါ)
ခရမ်းချဉ်သီး - ၂ လုံး (လေး စိတ်စိတ်ထားပါ)
ကညွှတ် - ၆ ချောင်း (အပိုင်းငယ်များပိုင်းထားပါ)
ကြက်သွန်မြိတ် - ၂ ပင်
ချိုချဉ်ဆော့စ် (လိုအပ်သလို)
ပဲငံပြာရည် အနောက် (အနည်းငယ်)
ပဲငံပြာရည်အကြည် (အနည်းငယ်)
ကြက်သွန်ဖြူ - ၃မြွှာ (ဓားပြား ရိုက်ထားပါ)
ဟင်းခတ်မှုန့် (အနည်းငယ်)
ဟင်းရွက်ဆီ (အနည်းငယ်)


ဝက်ကျောက်ကပ်များကို ပဲငံ ပြာရည်အကြည်၊ အနောက်၊ ဟင်း ခတ်မှုန့်တို့ဖြင့် နယ်ပြီး ခေတ္တနှပ် ထားပါ။
ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး မီးဖိုပေါ်တင်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူဆီသတ်ပါ။ ဝတ် ကျောက်ကပ်ထည့်ပါ။ ရေအနည်း ငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ပြီးလျှင် ပန်းကန်တစ်လုံးထဲသို့ ဆယ်ယူထားပါ။ ထိုဒယ်အိုးထဲသို့ ကညွတ်၊ ကြက်သွန်မြိတ်၊ ခရမ်း ချဉ်သီးတို့ထည့်ပြီးကြော်ပါ။ မနွမ်း ခင်ဝက်ကျောက်ကပ်ထည့်ပြီးမွှေ ပေးပါ။ ထို့နောက် ချိုချဉ်ဆော့စ်ကို လိုအပ်သလို ဆမ်းပေးပါ။ သမ အောင်မွှေပေးပါ။ ထမင်းဖြူပူပူနှင့် သုံးဆောင်နိုင်ပါပြီ။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ပုစွန်ဆန်ပြားကြော် (Thai Style)


ပြင်ဆင်ချိန် ၁၅ မိနစ်
ပြုလုပ်ချိန် ၂၀ မိနစ်
လူ ၂ ဦးစာ


ပါဝင်ပစ္စည်းများ
ညှပ်ခေါက်ဆွဲ- ၃၀ ကျပ် သား
ကြက်ဥနှစ်လုံး- မွှေထားပါ
ပုစွန်ကျားခြောက်ကောင်- အခွံခွာထားပါ
ပဲပြား အတုံးတစ်ဝက်- အတုံးငယ်များတုံးထားပါ
ကြက်သွန်မြိတ်- နှစ်ပင်
ပဲပင်ပေါက်- ငါးကျပ်သား
မုန်လာဥချဉ်- စားပွဲတင်ဇွန်း တစ်ဇွန်း။ အမျှင်လိုက် လှီးထားပါ။
မြေပဲလှော်အမှုန့်- စားပွဲတင် ဇွန်းတစ်ဇွန်း
ကြက်သွန်နီတစ်လုံး- ပါးပါးလှီးထားပါ
ကြက်သွန်ဖြူလေးမြွှာ- ပါးပါးလှီးထားပါ
ဟင်းရွက်ဆီ- စားပွဲတင်ဇွန်း ငါးဇွန်း
ပတ်ထိုင်းဆော့စ်- စားပွဲတင် ဇွန်းငါးဇွန်း
ရေ- စားပွဲတင်ဇွန်းနှစ်ဇွန်း


ပတ်ထိုင်းဆော့စ်ပြုလုပ်ရန်
မန်ကျည်းသီးမှည့်အနှစ်- စားပွဲတင်ဇွန်းနှစ်ဇွန်း
ငါးငံပြာရည်- စားပွဲတင်ဇွန်း နှစ်ဇွန်း
သကြား- စားပွဲတင်ဇွန်း လေးဇွန်း


ပြုလုပ်ပုံ
ပထမဦးစွာ ပတ်ထိုင်းဆော့စ် ပြုလုပ်မည့် ပါဝင်ပစ္စည်းသုံးမျိုးနှင့် ရေကို အိုးတစ်လုံးထဲတွင်ထည့်ပြီး အပူပေးပါ။ ငါးမိနစ်ခန့်ကြာလျှင် စေးပျစ်လာပါက မီးဖိုမှချပြီးအအေး ခံပါ။
ပုစွန်များကို သန့်စင်၍ခေါင်း ဖြုတ်ပြီး အိုးတစ်လုံးတွင်ထည့်ကာ အိုးပူတိုက်ပါ။ ပုစွန်များနီရဲပြီး ကွေးသွားလျှင် အအေးခံပါ။ သီခြားအိုးကြီးတစ်လုံးထဲတွင် ဟင်း ရွက်ဆီစားပွဲတင်ဇွန်းနှစ်ဇွန်း ထည့်ပြီး ကြက်သွန်ဖြူ။ ကြက်သွန် နီဆီသတ်ပါ။ ညှပ်ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ ခေါက်ဆွဲကျက်လျှင် ဒယ်အိုးတစ်ဖက်ခြမ်းသို့ ရွှေ့ထား ပါ။ ယင်းအိုးထဲသို့ ဟင်းရွက်ဆီ နောက်တစ်ဇွန်းထပ်ထည့်ပါ။

ပုစွန်။ မုန်လာဥချဉ်။ ပဲပြားထည့်ပြီးကြော် ပါ။ ထို့နောက် ညှပ်ခေါက်ဆွဲများ ထည့်ပြီးကြော်ပါ။ ပတ်ထိုင်းဆော့စ် ကို လောင်းထည့်ပြီး သမအောင် မွှေပါ။ ပြီးလျှင်အိုးတစ်ဖက်သို့ ခေါက်ဆွဲများရွှေ့ထားပါ။ အိုးထဲ သို့လက်ကျန်ဆီတစ်ဇွန်းထည့်ပြီး မွှေထားသောကြက်ဥများထည့်ကာ မွှေကြော်ပါ။ ခေါက်ဆွဲများနှင့် ပြန်ပြီးကြော်ပါ။ ပဲပင်ပေါက်။ မြေပဲ မှုန့်။ ကြက်သွန်မြိတ်တို့ထည့်ပြီး မီးဖိုမှချပါ။ အချဉ်အစပ်နှစ်သက် ပါက ငရုတ်သီးမှုန့်ဖြူး၍ သံပရာ ရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီ။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မိန်းကလေး တချို့အတွက် စိတ်ညစ်စရာကောင်းတဲ့ ပြဿနာ တစ်ခုပါပဲ။ ဘတ်စ်ကားစီးတဲ့အခါ မှာ လက်ကိုင်တန်းကို ကိုင်ဖို့ လက်မြှောက်ရမှာ ဝန်လေးနေ တယ်။ မြန်မာဝတ်စုံ လက်ပြတ် လေးတွေ ဝတ်ချင်တယ်။ ကြိုး လက်တစ်လုံးလေးတွေဝတ်ပြီး လန်းချင်ပင်မဲ့ ချိုင်းအသားအရေ မည်းနေတာကြောင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအားနည်းပြီး ဝတ် ချင်တဲ့ အင်္ကျီလက်ပြတ်လေးတွေကို လှမ်းကြည့်နေရတယ်ဆိုရင် အခု ကစပြီး ဝယ်ပြီးဝတ်ဖို့ ပြင်ဆင်ထား လို့ရပါပြီနော်။

Previous Next

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

အသီးမှာသရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ဆိုတဲ့ စကားအတိုင်း ကောင်းတာလေး တွေတွဲချက်ကြည့်လိုက်ပါ။
ပြင်ဆင်ချိန် ၁၅ မိနစ်
ပြုလုပ်ချိန် ၁၅ မိနစ်
လူ ၂ ဦးစာ


ပါဝင်ပစ္စည်းများ
ဝက်ပေါင်သား- ၂၅ ကျပ်သား
လက်ဖက်ရွက်နုနု- ၅ ကျပ်သား
ကြက်သွန်နီ- ၁ လုံး
ကြက်သွန်ဖြူ- ၅ မြွှာ
ငရုတ်သီးစိမ်းအသေး ၁၀ တောင့်
အရောင်တင်ငရုတ်သီးမှုန့်- လက်ဖက်ရည်ဇွန်းတစ်ဝက်
သကြား၊ ဆား - အနည်းငယ်
သံပရာသီး- တစ်ခြမ်း
ဆီမွှေး- အနည်းငယ်
မြေပဲဆီ- ၃ ကျပ်သား
ကြက်သားမှုန့်- အနည်းငယ်
ကြက်သွန်မြိတ်- အနည်း ငယ်
ငံပြာရည်- စားပွဲတင်ဇွန်း တစ်ဝက်


ပြုလုပ်ပုံ
ဝက်ပေါင်သားကို မထူမပါး လှီးကာ ရေဆေး သန့်စင်ပြီး သကြား၊ ဆား၊ ကြက် သားမှုန့်တို့ ဖြင့် နယ်ပြီးနှပ်ထားပါ။ ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ငရုတ် သီးစိမ်း တို့ကိုရော၍ ညက်အောင် ထောင်းထားပါ။ လက်ဖက်အသား ကို ရေဆေးပြီး အဖန်ရည်ထွက် အောင်ညှစ်ပါ။ နှစ်ကြိမ်ခန့်ပြုလုပ် ပေးပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး လှီးဖြတ်ထားပါ။


ဒယ်အိုးတစ်လုံးထဲကို ဆီမွှေး နှင့် မြေပဲဆီရောထည့်ပြီး ဆီပူလာ လျှင်ထောင်းထားသော ကြက်သွန် အနှစ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငံပြာရည်၊ လက်ဖက်အသားတို့ ထည့်ပြီးမွှေပါ။ မီးမပြင်းပါစေနှင့်။ တစ်မိနှစ်ခန့် မွှေပြီးလျှင်ဝက်သား ထည့်ပြီး သမအောင်မွှေပေးပါ။ ရေနွေးအနည်း ငယ်ထည့်ပြီး အသားနူးအောင်ချက်ပါ။ သံပရာ သီး တခြမ်းကို အရည်ညှစ်ပြီး ထည့်ပါ။ အသားနူးပြီးဆီပြန်လာ လျှင် ကြက်သွန်မြိတ်အုပ်ကာ မီးဖို မှချပါ။ ပန်းကန်လုံးထဲတွင်လှပစွာ ပြင်ဆင်ထားသော လက်ဖက်ချဉ် စပ်အရသာ ဝက်သားဟင်းကို ထမင်းဖြူနှင့်တွဲဖက် သုံးဆောင်ပါ။

Tags:
s f live big
banner right 290
banner right 290
banner right 290

Latest News

adv 1280 150px
© 2019 Sunday Journal Myanmar Ltd. All Rights Reserved. Sunday® is a registered trademark of Sunday Online Media. All contents and photos are copyright protected.
Developed With By OrientWebs!

Search

s f live