ပြင်ဆင်ချိန် ၁ နာရီခွဲပြု လုပ်ချိန် ၁၀ မိနစ်
လူ ၄ ဦးစာ
ပါဝင်ပစ္စည်းများ
အမဲသားခြောက်- ၄၀ ကျပ် သား
ကောက်ရိုးမှို- ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
ကြက်သွန်နီ- ၂ လုံး (ပါးပါး လှီးထားပါ)
ကြက်သွန်ဖြူ- ၅ မြွှာ (ပါး ပါးလှီးထားပါ)
ချင်း- အနည်းငယ် (ပါးပါး လှီးထားပါ)
ကော်မှုန့်- လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ရေဖျော်ထားပါ)
ငံပြာရည်- စားပွဲတင်ဇွန်း ၁ ဇွန်း
ခရုဆီ- စားပွဲတင်ဇွန်း ၃ ဇွန်း
ဟင်းချက်ဆီ- စားပွဲတင်ဇွန်း ၄ ဇွန်း
ရသာမှုန့်- အနည်းငယ်
နနွင်းမှုန့်- အနည်းငယ်
ကြက်သွန်မြိတ်- ၃ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်ပုံ
အမဲသားခြောက်များကို နာရီ ဝက်ခန့် ရေစိမ်ထားပါ။ ရေစစ်ပြီး ခပ်ရှည်ရှည် လှီးကာ ရသာမှုန့်၊ ငံပြာရည်တို့ဖြင့်နယ်၍ ၁ နာရီခန့် နှပ်ထားပါ။
မီးဖိုပေါ်သို့ ဆီပူအိုးတင်၍ ကြက်သွန်ဖြ၊ ကြက်သွန်နီနှင့် ချင်း တို့ထည့်ပြီးဆီသတ်ပါ။ နနွန်းမှုန့်ပါ ရောပြီး ဆီသတ်ပါ။ အမဲသား ခြောက်များထည့်ပြီးကြော်ပါ။ အမဲသားခြောက်များ ကျက်လာပါ က ခရုဆီနှင့် မှိုထည့်ပြီး မွှေ ပေးပါ။ မနူးသေးလျှင် ရေနွေး အနည်းငယ်ထည့်ပေးပါ။ ကော် ရည်မံထည့်ပြီး သမအောင်မွှေကာ မီးဖိုပေါ်မှချပါ။ ပန်းကန်ထဲတွင် ထည့်ပြီးအပေါ်ယံမှ ကြက်သွန်မြိတ် ဖြူး၍ ထမင်းဖြူနှင့် သုံးဆောင်နိုင် ပါပြီ။