(၁) ဝါနေတဲ့ စတီးအိုးတွေကို ဘယ်လိုသန့်စင်မလဲ
ဝါနေတဲ့ စတီးအိုးရဲ့ အောက် ဘက်ကို ဆားအနည်းငယ် ဖြူး လိုက်ပါ။ ပြီးရင် ရှာလကာရည် အနည်းငယ်လောင်းထည့်ပြီး ပွတ် တိုက်ပေးပါ။ ဝါကျင်နေတာ တွေ ကို အလွယ်တကူ သန့်စင်ပေးနိုင်ပါ တယ်။
(၂) ချောနေတဲ့ ရေချိုးခန်း ကြမ်းပြင်ကိုဆေးကြောမယ်
ရေချိုးခန်း ကြမ်းပြင်ချော နေရင် အန္တရာယ်များပါတယ်နော်။ အဲဒီလို ချောနေတာကို အလွယ် ကူဆုံး ဖြေရှင်းချင်ရင်တော့ ဆား ကြမ်း (မီးဖိုချောင်သုံး ဆားမဟုတ်) ကို ရေချိုးခန်း ကြမ်းပြင်ပေါ်ဖြူး လိုက်ပါ။ ဆားကြမ်းဖြစ်တဲ့အတွက် ချောနေတဲ့ အညစ်အကြေးတွေကို အချိန်တိုအတွင် ဖယ်ရှားပေးနိုင်ပါ တယ်။
(၃) ဆီးဖြူသီးမှုန့်ကို အကျိုး ရှိရှိသုံးကြမယ်
ဆီးဖြူသီးစားတာ မျက်လုံး ကျန်းမာရေး ကောင်းစေသလို ဆီးဖြူသီးအမှုန့်နဲ့ ဆံပင်အဖျားနဲ့ အရင်းကို လိမ်းပေးပါက ဆံပင်သန် စေပြီး ဆံပင်ကျွတ်ခြင်း၊ ဆံပင် နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါ တယ်။